Think Like a Rocket Scientist (2020) စာအုပ်က ဆန်းသစ်တီထွင်မှုတွေ ပြုလုပ်နိုင်ဖို့၊
ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့နဲ့ အရင်တုန်းက စိတ်ကူးယဉ်ကြည့်လို့တောင် မရခဲ့တဲ့ အရာတွေကို
တကယ်လက်တွေ့မှာ ဖြစ်ပေါ်လာအောင် လုပ်ဆောင်ခဲ့ကြတဲ့ ဒုံးပျံ သိပ္ပံပညာရှင်တွေရဲ့
နည်းဗျုဟာတွေ အကြောင်းကို ထုတ်ဖော်ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီလို သိပ္ပံပညာရှင်တွေ နေ့စဉ် အသုံးချနေတဲ့ နည်းလမ်းတွေကို လေ့လာသင်ယူခြင်းအားဖြင့်
ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ် အလုပ်အကိုင်တွေနဲ့ ကိုယ့်ရဲ့ အိပ်မက်တွေကို ပြည့်၀လာအောင်
အကောင်အထည် ဖော်နိုင်ဖို့အတွက် အင်အားကောင်းတဲ့ နည်းစနစ်တွေကို ရရှိလာပါလိမ့်မယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့ အတွက်လဲ။
နဂိုမူလအတွေး original thought ကို ရှာဖွေနေသူတွေ
နောက်ဆုံးပေါ် ဖြေရှင်းနည်း နည်းလမ်းတွေကို ရှာဖွေနေကြတဲ့ စီးပွားရေး မန်နေဂျာတွေ
သူတို့ကိုယ် သူတို့ နောက်ပြန်ဆွဲထားတဲ့ အကြောက်တရားရဲ့ သားကောင်
ဖြစ်နေတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။