Time and How to Spend It (2019) စာအုပ်က လူသားတွေအနေနဲ့ သူတို့ရဲ့ အားလပ်ချိန်တွေကို ပိုမို ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်လာဖို့နဲ့ ပျော်ရွှင်မှုတွေ ပိုမို ရရှိနိုင်ဖို့အတွက် သုံးစွဲသင့်ကြောင်း သိပ္ပံပညာ သုတေသနပြုချက်တွေနဲ့ ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီနေ့ခေတ်မှာ ရှိနေတဲ့ ရွေးချယ်မှုများစွာက ကျွန်တော်တို့ရဲ့ ရွေးချယ်မှုတွေကို အမျိုးမျိုး ပြောင်းလဲအောင် လုပ်ဆောင်နေတဲ့အချိန်မှာ စာရေးသူ James Wallman ကတော့ လူသားတွေအနေနဲ့ သူတို့ရဲ့ အချိန်တွေကို ပိုမို အဓိပ္ပာယ် ရှိတဲ့ နည်းလမ်းတွေ၊ ပိုမို အကျိုးရနိုင်တဲ့ နည်းလမ်းတွေနဲ့ သုံးစွဲနိုင်ဖို့အတွက် ရှင်းလင်းလွယ်ကူတဲ့ checklist တွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- ရွေးချယ်စရာတွေ များတဲ့ life’s options တွေကြောင့် စိတ်ပင်ပန်းမှုတွေကို ခံစားနေရတဲ့သူတွေ
- အားလပ်ချိန်တွေက အချိန်ဖြုန်းတာ သက်သက်ပဲလို့ ထင်နေတဲ့၊ အလုပ်တွေကို များများ ပို ပြီးမြောက်အောင် လုပ်ဆောင်ချင်တဲ့ သူတွေ
- ပိုပြီး ပျော်ရွှင်မှုတွေ ရရှိလာဖို့အတွက် ရှာဖွေနေသူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။