ဒီစာအုပ်ကို ကျန်းမာခြင်း၊ ပေါများကြွယ်ဝမှုနဲ့ အမျှော်အမြင် ဆိုပြီး အပိုင်း (၃) ပိုင်းခွဲထားပါ တယ်။ အပိုင်း တစ်ပိုင်းနဲ့ တစ်ပိုင်းဟာ အပြန်အလှန်မှီခိုနေကြတာမို့ တစ်ချို့နေရာတွေမှာ ထပ်တူညီ နေကြတာကို တွေ့ရမှာပါ။ တစ်ကယ်တော့ အဲ့ဒီအပိုင်း (၃) ပိုင်းကို သင့်အနေနဲ့ သင့်ဘဝကို တည်ငြိမ်မျှတအောင် ထောက်ပံ့ပေးထားတဲ့ သုံးခွထောက်တိုင်အဖြစ် စဉ်းစားကြည့်ပါ။ ဟုတ်ပါတယ် လူတစ်ယောက်ဟာ ပျော်ရွှင်ဖို့နဲ့ အောင်မြင်ဖို့အတွက် ဒီအပိုင်း (၃) ပိုင်းလုံးကို လိုအပ်ပါတယ်။
ပေါများကြွယ်ဝမှု ဆိုတာ ကတော့ ဒီစာအုပ်မှာ ပိုက်ဆံဆိုတဲ့ အရာထက်ပိုတာဖြစ်ပြီး အချိန်တွေ ပေါများတာ၊ relationship တွေနဲ့ အခြားအရာများပါရှိပါသေးတယ်။ ဒါကြောင့် Tools of Titan စာအုပ် ဟာ လူတိုင်းအတွက် တစ်စုံတစ်ရာ ရရှိစေတာမို့လို့ ဖတ်ဖို့ထိုက်တန်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ပြီးတော့ စာရေးဆရာ Tim Ferriss ဟာ ဒီစာအုပ်မှာ ကမ္ဘာ့ထိပ်တန်း စွမ်းဆောင်နိုင်သူတွေရဲ့ အကျင့် တွေ၊ နေ့စဉ်လုပ်ဆောင်မှုတွေနဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေကို ပြန်လည်စီစစ်ထားတာပါ။ ဒီစာအုပ်မှာ သူ့ရဲ့ podcast ရေဒီယိုလိုင်းက ဧည့်သည် 200 ကျော်ဆီကနေ သူသင်ယူခဲ့ရတဲ့ ပရိယာယ်တွေ ကိရိယာ ပစ္စည်းတွေနဲ့ နည်းလမ်းတွေကို ပေါင်းစည်းဖော်ပြပေးထားပါတယ်။