Unconscious Branding (2012) စာအုပ်က မားကတ်တင်းသမားတွေ အနေနဲ့ ကျွန်တော်တို့ရဲ့ မသိစိတ်တွေကို ဘယ်လိုမျိုး တီးခေါက်ပြီး သူတို့ရဲ့ brand တွေ၊ ကုမ္ပဏီတွေကို သုံးစွဲလာအောင် လုပ်ဆောင်နေကြတယ် ဆိုတာကို ဖော်ထုတ်တင်ပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ တင်ပြထားတဲ့ အဆင့်တွေအတိုင်း လိုက်နာကျင့်သုံးကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ ကုမ္ပဏီကို ရှေ့ဆက်နိုင်ဖို့အတွက် လမ်းပြပေးနိုင်တဲ့ နည်းဗျုဟာတွေကို ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ brand ကို ဖောက်သည်တွေနဲ့ စစ်မှန်တဲ့ ပေါင်းသင်းဆက်ဆံရေးတွေ တည်ဆောက်နိုင်ဖို့ အတွက် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- အောင်မြင်တဲ့ မားကတ်တင်း ကမ်ပိန်းတွေကို ပြုလုပ်ဖန်တီးချင်တဲ့ မားကတ်တင်းသမားတွေ
- ကောင်းမွန်တဲ့ brand တစ်ခုကို တည်ဆောက်ချင်တဲ့ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့
- မားကတ်တင်းသမားတွေက လူတွေရဲ့ စိတ်ကို ဘယ်လိုမျိုး လှည့်စားနေတယ်ဆိုတာကို သိချင်နေကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။