ဒီစာအုပ်က ဘာအကြောင်းပြောထားတာလဲ?
Unlimited Power (1989) စာအုပ်ကတော့ ကျွန်တော်တို့ဘဝမှာ ကပ်တွယ်နေတတ်တဲ့ အကြောက်တရားတွေ၊ မသေချာမရေရာမှုတွေနဲ့ ကိုယ့်ကိုယ်ကို မကျေနပ်တဲ့ ခံစားချက်တွေကို ကျော်လွှားနိုင်ဖို့ လမ်းပြပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်နဲ့ အတွေးတွေကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြထားပေးပါတယ်။
ကိုယ်လိုချင်တဲ့ရလဒ်တွေကို ရရှိနေပြီး အောင်မြင်နေတဲ့သူတွေရဲ့ စိတ်နဲ့ခန္ဓာကို ပုံတူကူးပြီး ကျွန်တော်တို့ဘဝကိုလည်း သူတို့လိုအောင်မြင်အောင်လုပ်ဆောင်နိုင်တယ်ဆိုတာကို ဖော်ပြထားပေးတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်၊
ဘယ်သူတွေဖတ်ဖို့လဲ?
- ကိုယ့်ရဲ့လုပ်ငန်းကို နောက်တစ်ဆင့်ရောက်အောင် စွမ်းဆောင်ချင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေနဲ့ CEO တွေ
- ကိုယ့်ရဲ့ အစီအစဉ်အကြီးကြီးတွေကို အကောင်အထည်ဖော်လုပ်ဆောင်ချင်တဲဲ့ စိတ်ကူးသမားတွေနဲ့
- ကိုယ့်ရဲ့ ဖြစ်နိုင်စွမ်းအလားအလာတွေကို အဆုံးထိရောက်အောင်လုပ်ဆောင်ချင်တဲ့ အားကစားသမားတွေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။