Warren Buffett’s Ground Rules (2016) စာအုပ်က ကမ္ဘာပေါ်မှာ စတုတ္ထမြောက် အချမ်းသာဆုံး သူဌေးကြီး တစ်ဦး ဖြစ်တဲ့ Warren Buffett ရဲ့ ရင်းနှီးမြှုပ်နှံမှု နည်းဗျုဟာတွေအကြောင်းကို လေ့လာထားတဲ့ စာအုပ် တစ်အုပ် ဖြစ်ပါတယ်။
၁၉၅၆ ခုနှစ်ကနေ ၁၉၇၀ အတွင်းမှာ သူ စီမံခန့်ခွဲခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု အဖွဲ့တွေမှာ Warren Buffett ကနေ သူ့ရဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေကို နှစ်စဉ် ပေးပို့ခဲ့တဲ့ နှစ်ဝက်အစီရင်ခံစာပေါင်း များစွာ ပေးပို့ခဲ့ပါတယ်။
စာရေးသူ Jeremy C. Miller က ဒီလို အစီရင်ခံစာပေါင်း များစွာကို ဒီစာအုပ်ထဲမှာ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ထားပြီး ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ရှယ်ယာစျေးကွက်မှာ ဘဏ္ဍာရေးဆိုင်ရာ ကောင်းကျိုးတွေ ရရှိအောင် ဘယ်လိုမျိုး ရင်းနှီးမြှုပ်နှံသင့်တယ် ဆိုတဲ့ အချက်တွေကို ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့ အတွက်လဲ။
- ရှယ်ယာစျေးကွက်ထဲမှာ ဝင်ရောက်စမ်းသပ် ရင်းနှီးမြှုပ်နှံချင်သူတွေ
- ၁၉၈၀ ခုနှစ်တွေနဲ့ ၁၉၉၀ ခုနှစ်တွေကြားထဲက စီးပွားရေး တိုးတတ်မှုတွေအကြောင်း သိချင်ကြတဲ့သူတွေ
- လူငယ် ရင်းနှီးမြှုပ်နှံသူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။