We’re All Marketers (2019) စာအုပ်က ဒီနေ့ခေတ် ဒီဂျစ်တယ် မားကတ်တင်း ကမ္ဘာရဲ့ နည်းဗျုဟာတွေ အကြောင်း၊ စည်းမျဉ်းတွေ အကြောင်းကို ပြောပြပေးထားတဲ့ စာအုပ် တစ်အုပ်ဖြစ်ပါတယ်။
ကိုယ်က အသေးစား စီးပွားရေးလုပ်ငန်း ပိုင်ရှင် တစ်ဦးပဲ ဖြစ်ဖြစ်၊ ကော်ပိုရေးရှင်းကြီးတွေမှာ အလုပ် လုပ်ကိုင်နေသူ တစ်ဦးပဲ ဖြစ်ဖြစ် ဒါမှမဟုတ် အွန်လိုင်းမှာ အိုင်ဒီယာတွေကို ဘယ်လိုနည်းနဲ့ ရောင်းချရမယ် ဆိုတာကို ရိုးရိုးရှင်းရှင်း သိချင်နေတဲ့ သူတစ်ဦးပဲ ဖြစ်ဖြစ် ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ နည်းလမ်းတွေက မားကတ်တင်း အကြောင်းနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ စဉ်းစားနည်းတွေကို ပြောင်းလဲနိုင်ဖို့ အတွက် ကူညီပေးပါလိမ့်မယ်။