What You Don’t Know about Leadership, But Probably Should စာအုပ်က ခေါင်းဆောင်မှု သိပ္ပံပညာ နယ်ပယ်ပိုင်းမှ သုတေသန တွေ့ရှိချက်တွေ၊ လေ့လာချက်တွေကို အခြေခံထားပြီး ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀တွေမှာ ဒီလိုခေါင်းဆောင်မှုဆိုင်ရာ သီအိုရီတွေကို ဘယ်လိုမျိုး လိုက်နာကျင့်သုံး လုပ်ဆောင်နိုင်ကြောင်း ရှင်းပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ထင်ရှားကျော်ကြားတဲ့ ခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်မှုနည်းလမ်းတွေကို အသုံးပြုပြီး စာရေးသူက ခေါင်းဆောင်တစ်ယောက်အနေနဲ့ စိတ်ဖိစီးစရာတွေ၊ ပဋိပက္ခတွေ ကြုံတွေ့နေရတဲ့ အချိန်မှာ သူ့ရဲ့ အဖွဲ့ကို အကောင်းမွန်ဆုံးဖြစ်အောင် ဘယ်လိုမျိုး စီမံခန့်ခွဲသင့်တယ် ဆိုတဲ့ နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့ အတွက်လဲ။
- အလုပ်ခွင်နဲ့ သက်ဆိုင်တဲ့ စိတ်ပညာနယ်ပယ်ပိုင်းကို စိတ်ဝင်စားတဲ့သူတွေ
- သူတို့ရဲ့ ခေါင်းဆောင်မှု အရည်အချင်းတွေကို တိုးတတ်စေချင်တဲ့ ခေါင်းဆောင်တွေ
- စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ ကျောင်းသားကျောင်းသူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။