Who Moved My Cheese (1998) စာအုပ်မှာ ကိုယ့်ရဲ့ ဘ၀မှာ အပြောင်းအလဲတွေကို အကောင်းဆုံး ဖြစ်အောင် ဘယ်လို စီမံခန့်ခွဲနိုင်မလဲ ဆိုတဲ့အကြောင်း တန်ဖိုးရှိတဲ့ သင်ခန်းစာတွေကို ပြောပြ ပေးထားပါတယ်။
ကိုယ်က ကျရှုံးနေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို ပြန်ပြီး ဦးမော့လာအောင် လုပ်ဆောင်နေသည် ဖြစ်စေ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ relationship ပေါင်းသင်းဆက်ဆံရေးတစ်ခုကို အဆင်ပြေပြေ၊ ချောချောမွေ့မွေ့ ပြေလည်အောင် ဖြေရှင်းချင်သည် ဖြစ်စေ ဒီစာအုပ်က ကိုယ့်ကို လူသားတွေရဲ့ သဘာ၀ကို ပိုနားလည်လာစေဖို့ အတွက်နဲ့ အပြောင်းအလဲတွေကို အပြုသဘောဆောင်တဲ့ တွန်းအားတွေအဖြစ် မြင်လာစေဖို့အတွက် ကူညီပေးနိုင်ပါလိမ့်မယ်။
အလုပ်ခွင်မှာ အပြောင်းအလဲတွေကို ကိုင်တွယ်ဖြေရှင်းချင်တဲ့၊ ပိုကောင်းမွန်တဲ့ နည်းလမ်းတွေကို ရှာဖွေနေကြတဲ့ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကိုယ့်ရဲ့ relationship တစ်ခုမှာ အဆင်ပြေအောင် ရုန်းကန်နေကြရတဲ့ သူတွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။