Who Will Cry When You Die (1999) စာအုပ်က သင့်ရဲ့ ဘ၀ကို ပြည့်၀ အောင်မြင်တဲ့ ဘ၀တစ်ခု ဖြစ်လာစေဖို့အတွက် ဉာဏ်ပညာ၊ အသိဉာဏ်တွေအကြောင်း ရှင်းပြပြောဆိုပေးထားတဲ့ စာအုပ် တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားတဲ့ အကြံဉာဏ်တွေ၊ နည်းဗျုဟာတွေက သင့်ရဲ့ ကိုယ်ပိုင် အကောင်းဆုံး ပုံစံကို ဖော်ထုတ်နိုင်ဖို့အတွက် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
ဒီလိုမှသာ သင် သေဆုံးတဲ့အခါမှာ သင့်ရဲ့ အချစ်ခင်ရဆုံး သူတွေက သင့်အတွက် လွမ်းဆွတ်လို့ ငိုကြွေးရရုံတင် မဟုတ်တော့ဘဲ သင့်ရဲ့ ဘ၀တစ်သက်တာလုံးမှာ အားထုတ် လုပ်ဆောင်ခဲ့တဲ့ အရာတွေ အတွက် ဝမ်းသာကျေနပ် ပီတိဖြစ်ရတဲ့ အတွက်ကြောင့် ငိုကြွေးကြမှာ ဖြစ်ကြောင်း ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေ
- နည်းပြ Coaches တွေ၊ စိတ်ပညာရှင်တွေ
- သူတို့ရဲ့ ဘ၀ကို တိုးတတ်စေချင်တဲ့၊ ကိုယ်ပိုင် အောင်မြင်မှုတွေ ရရှိချင်ကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။