Why We Make Mistakes က ကျွန်တော်တို့ အများစု ပြုလုပ်တတ်ကြတဲ့ အမှားတွေ အကြောင်းနဲ့ ဒီအမှားတွေ ဘာဖြစ်လို့ ဖြစ်ရတယ် ဆိုတဲ့ နောက်ကွယ်က အကြောင်းပြချက်တွေကို ပြောပြ ပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
စိတ်ပညာ၊ စီးပွားရေးနယ်ပယ်တွေနဲ့ နျူရိုသိပ္ပံပညာ neuroscience နယ်ပယ်များမှ အချက် အလက်တွေ၊ ရှင်းလင်းချက်တွေကို အခြေခံပြီး ကျွန်တော်တို့ရဲ့ နားလည်မှု အမှားတွေ၊ ရိုးရှင်းတဲ့ အချက်အလက်တွေကို သတိမရနိုင်တော့တဲ့ အဖြစ်တွေ၊ ကိုယ်တိုင်တောင် သတိမထားမိတဲ့ ဆုံးဖြတ်ချက် ချမှတ်တဲ့ နေရာမှာ မှားယွင်း ဘက်လိုက်မိပြီး ဆုံးဖြတ်တတ်တဲ့အကြောင်းတွေကို ဒီစာအုပ်ထဲမှာ ရှင်းပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
• လူသားတွေ ပြုလုပ်တတ်တဲ့ အမှားအယွင်းတွေ နောက်ကွယ်က အကြောင်းတွေကို သိနားလည်ချင်ကြတဲ့သူတွေ
• ကိုယ်လုပ်ဆောင်လိုက်တဲ့ အလုပ်တွေမှာ ကိုယ့်ဘာသာ အမှားပြန်ရှာတဲ့အခါ ဘာလို့ မတွေ့ရတာလဲ ဆိုတာကို သိချင်နေကြတဲ့သူတွေ
• တခြားသူတွေရဲ့ နာမည်တွေ၊ password တွေ၊ PINs တွေကို ဘာလို့ သတိမေ့သွားရတာလဲ ဆိုတာကို သိချင်နေကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။