Why We Work (2015) စာအုပ်က ဒီနေ့ခေတ် အလုပ်ခွင်တွေကို အဓိက ကိုင်တွယ်ထိန်းချုပ်နေတဲ့ အယူအဆတွေရဲ့ အပြစ်အနာအဆာတွေကို ဖော်ပြထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ကို ဖတ်ရှုပြီးပြီဆိုရင် ဒီနေ့ခေတ်ရဲ့ စီမံခန့်ခွဲမှု နည်းဗျုဟာတွေမှာ ဘာအတွက်ကြောင့် ဆိုးကျိုးတွေ ရှိနေတယ် ဆိုတာနဲ့ ဒီထက်ပိုထိရောက်မှု ရှိတဲ့ အပြောင်းအလဲ နည်းဗျုဟာတွေ အကြောင်းကို သိရှိလာပါလိမ့်မယ်။
ဒါ့အပြင် ကိုယ့်ရဲ့ ဝန်ထမ်းတွေ၊ အလုပ်သမားတွေကို သူတို့ရဲ့ စိတ်ဆန္ဒတွေ ပြည့်၀လာစေဖို့အတွက် ဘယ်လိုမျိုး စီမံခန့်ခွဲရမယ်ဆိုတဲ့ အချက်တွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့ အတွက်လဲ။
- အလုပ်သမားတွေကို ကောင်းမွန်စွာ အလုပ်လုပ်ကိုင်နိုင်အောင် လုပ်ဆောင်ပေးနိုင်တဲ့ အဓိက စည်းမျဉ်းစည်းကမ်းတွေကို စိတ်ဝင်စားတဲ့ လူမှုအရင်းအမြစ်ဆိုင်ရာ ပရော်ဖက်ရှင်နယ် အလုပ်တွေကို လုပ်ကိုင်နေသူတွေ
- အလုပ်လုပ်ဆောင်တဲ့နေရာမှာ စိတ်တတ်ကြွမှု မရှိတဲ့ အဖွဲ့တွေကို လှုံ့ဆော်ပေးချင်တဲ့ အလုပ်ရှင်တွေ
- တကယ့်လက်တွေ့ကမ္ဘာထဲမှာ အလုပ်လုပ်ဆောင်နေရတဲ့ Entry-level အလုပ်သမားတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။