Willpower Doesn’t Work (2018) စာအုပ်က အလုပ်ခွင်မှာ အလုပ်လုပ်ဆောင်မှု productivity နယ်ပယ်နဲ့ self-help နယ်ပယ်တို့မှာ အများစု လက်ခံထားတဲ့ အယူအဆတစ်ခုကို ခိုင်မာစွာ ဆန့်ကျင် ပြောဆိုပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ကျယ်ပြန့်တဲ့ စိတ်ပညာ သီအီုရီတွေနဲ့ အောင်မြင်နေတဲ့ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဇာတ်ကြောင်းတွေကို ဖော်ပြပေးထားတဲ့ ဒီစာအုပ်ထဲမှာ သင့်ရဲ့ ဘ၀ကို ပြောင်းလဲနိုင်ဖို့အတွက် လုပ်ဆောင်တဲ့နေရာမှာ စိတ်အားသတ္တိ (willpower) တွေက အဖြေမဟုတ်ဘူး ဆိုတာကို ရှင်းလင်း ပြောဆိုထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- လုပ်ငန်းအသစ်ကို စတင်လုပ်ဆောင်ဖို့အတွက် အချိန်ဆွဲ နှောင့်နှေးနေတဲ့နေရာမှာ ဆရာကျတဲ့သူတွေ
- အပြည့်၀ဆုံး၊ အအောင်မြင်ဆုံး ဖြစ်အောင် လုပ်ဆောင်ချင်ကြတဲ့ စွန့်ဦးတီထွင် စီးပွားရေးသမားတွေ
- အလုပ်လုပ်ဆောင်မှု productivity နယ်ပယ်နဲ့ သက်ဆိုင်တဲ့ စိတ်ပညာတွေ အကြောင်း စိတ်ဝင်စားသူ အဖွဲ့အစည်းခေါင်းဆောင်တွေ
ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။