Win at Work and Succeed at Life (2021) စာအုပ်က နာရီပေါင်း မြောက်မြားစွာ အလုပ်ခွင်မှာပဲ အချိန်ကုန်လွန်နေတတ်ကြတဲ့သူတွေ၊ မိမိတို့ရဲ့ ကိုယ်ပိုင် ပုဂ္ဂလိကဘ၀ Personal Life ကို အချိန်မပေးနိုင်ကြတဲ့ သူတွေ အတွက် ရည်ရွယ်ရေးသားထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
Professional အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေကို လုပ်ကိုင်နေကြသူတွေအတွက် သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချိန်တွေ၊ ပုဂ္ဂလဘ၀တွေကလည်း ဘာအတွက်ကြောင့် အရေးကြီးတယ် ဆိုတာနဲ့ ပိုပိုကောင်းမွန်တဲ့ အလုပ်ခွင်-ဘ၀ ဟန်ချက်ညီမှု (work-life balance) ကို ဖန်တီးနိုင်ဖို့အတွက် အဓိကကျတဲ့ နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
• နောက်ထပ် ဘာအလုပ်အကိုင်ကိုမှ မလုပ်ကိုင်ချင်လောက်အောင် ခြေကုန်လက်ပန်းကျ၊ ပင်ပန်းနွမ်းနယ်နေတဲ့သူတွေ
• အလုပ်ခွင်နဲ့ ဘ၀ ဟန်ချက်ညီအောင် ဘယ်လိုမျိုး လုပ်ဆောင်ရမလဲ ဆိုတာကို သိချင်နေကြတဲ့၊ စိတ်ဖိစီးမှုတွေ များပြားတဲ့ professional အလုပ်အကိုင်တွေကို လုပ်ကိုင်နေကြတဲ့ သူတွေ
• ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်တွေကို ပိုမိုတိုးတတ်စေချင်တဲ့ မန်နေဂျာတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။