Work Together Anywhere (2018) စာအုပ်က ရုံးခန်းတွေထဲမှာ ထိုင်ပြီး အလုပ်လုပ်ဆောင်နေကြတဲ့ အလုပ်ခွင်ရဲ့ အနာဂတ်အကြောင်းနဲ့ ပြုပြင်ပြောင်းလဲလွယ်တဲ့ အလုပ်ခွင် ပြင်ပမှာ အလုပ်လုပ်ကိုင်ခြင်း နည်းလမ်းတွေက ဝန်ထမ်းတွေနဲ့ မန်နေဂျာတွေကို ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်ကြောင်း ထုတ်ဖော်ရေးသားပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
အလုပ်ခွင်ပြင်ပမှာ ထိရောက်စွာ လုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေ၊ စိတ်ထားတွေနဲ့ အလုပ်ခွင်ပြင်ပမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေကို ဘယ်လိုမျိုး စီမံခန့်ခွဲရမယ်ဆိုတဲ့ နည်းလမ်းတွေ၊ ဘယ်လိုနည်းပညာတွေကို အသုံးချပြီး လုပ်ဆောင်သင့်တယ်ဆိုတဲ့ အကြောင်းတွေကိုလည်း ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။
သာမန်ရိုးကျ အလုပ်ခွင်၊ ရုံးခန်းထဲမှာ ထိုင်ပြီး အလုပ်လုပ်ဆောင်နေရတဲ့ အလုပ်တွေက အချိန်မရွေး ပျောက်ကွယ်သွားနိုင်ပါတယ်။ လူတွေကလည်း ပိုပိုပြီး အလုပ်ခွင်ပြင်ပမှာ အလုပ်လုပ်ကိုင်ခြင်း နည်းလမ်းတွေကို ရွေးချယ်လာကြပါတယ်။ ဒီစာအုပ်က ဒီလိုမျိုး အလုပ်ခွင်ပြင်ပမှာ အလုပ် လုပ်ကိုင်သူတွေအနေနဲ့ မဖြစ်မနေ ဖတ်ရှုရမယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- အလုပ်ခွင်ပြင်ပမှာ အလုပ်လုပ်ကိုင်နေသူတွေ၊ ဒီလို အလုပ်လုပ်ကိုင်နေသူတွေကို စီမံခန့်ခွဲနေကြရတဲ့သူတွေ
- အလုပ်ခွင်ပြင်ပမှာ အလုပ်လုပ်ကိုင်ဖို့အတွက်၊ ဒီလို အလုပ်လုပ်ကိုင်နေသူတွေကို စီမံခန့်ခွဲနိုင်ဖို့အတွက် စဉ်းစားနေကြတဲ့သူတွေ
- အလုပ်ခွင်ပြင်ပ အလုပ်လုပ်ကိုင်ခြင်းကနေ ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေ၊ ကောင်းကျိုးတွေကို စိတ်ဝင်စားကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။