You Are a Badass at Making Money (2017) စာအုပ်က ဥစ္စာဓန ငွေကြေးတွေကို ရှာဖွေတဲ့ နေရာမှာ အကောင်းဆုံးနည်းလမ်းတွေ၊ ရှုထောင့် အတွေးအမြင် အသစ်တွေနဲ့ ရှာဖွေနိုင်ဖို့အတွက် ကူညီလမ်းညွှန်ပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဥစ္စာဓနတွေကို ရှာဖွေတဲ့နေရာမှာ နားလည်ထားရမယ့် စွမ်းရည်တွေ၊ ရှိသင့်ရှိသင့်တဲ့ စိတ်ထားတွေသာ ရှိခဲ့မယ်ဆိုရင် သင်ကိုယ်တိုင်လည်း ငွေကြေးရှာဖွေတဲ့နေရာမှာ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။
ဒီအတွက်ကြောင့် လူအနည်းငယ်လောက်ပဲ ကြွယ်၀ချမ်းသာနိုင်တာပါဆိုတဲ့ ဆင်ခြေတွေ ပေးနေတာကို ရပ်လိုက်ပြီး သင့်ကိုယ်သင် အရူးဆက်လုပ်မနေပါနဲ့တော့။ သင့်ရဲ့ အတွင်းပိုင်းထဲမှာ ရှိတဲ့ စွမ်းရည်တွေကို ရှာဖွေဖော်ထုတ်လိုက်ပြီး အောင်မြင်မှုတံခါး၀တွေကို ဖွင့်လှစ်နိုင်အောင် စတင် ကြိုးစားဆောင်ရွက်နိုင်မယ့် နည်းလမ်းကောင်းတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- အလုပ်လက်မဲ့ ဖြစ်နေကြသူတွေ၊ ရသင့်ရထိုက်တဲ့ လစာအောက် လျော့နည်းတဲ့ လစာဝင်ငွေတွေကို ရရှိနေသူတွေ
- ဥစ္စာဓန ငွေကြေးတွေကို ရှာဖွေတဲ့နေရာမှာ ပိုမိုစွမ်းရည်ပြည့်၀စွာနဲ့ ရှာဖွေချင်ကြတဲ့သူတွေ
- ဥစ္စာဓန ငွေကြေးတွေကို ရှာဖွေတဲ့နေရာမှာ စိတ်တတ်ကြွမှု၊ စိတ်လှုံ့ဆော်မှု လိုချင်ကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။