You Do You (2017) စာအုပ်က ကျွန်တော်တို့တွေရဲ့ ကိုယ့်ကိုယ်ကိုယ် အပေါ်မှာ သတ်မှတ်ထားတဲ့ စံနှုန်းသတ်မှတ်ချက်တွေ၊ အလုပ်အကိုင်တွေ၊ အိုင်ဒီယာတွေကို ကိုယ်ပိုင်အတွေးအမြင်တွေ အောင်မြင် ထူးချွန်စွာ လုပ်ဆောင်နိုင်ဖို့အတွက် ကန့်သတ်ထားတဲ့ ကန့်သတ်ချက်တွေကို ဘယ်လိုမျိုး ကျော်လွှားရမလဲ ဆိုတဲ့ အကြောင်းအရာတွေကို လမ်းညွှန်ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
သင့်ရဲ့ ဘ၀မှာ သင်က ဘယ်အရာတွေကို ဖြစ်လာစေချင်တာလဲ၊ သင့်ရဲ့ စစ်မှန်တဲ့ ပုံရိပ်နဲ့ သင့်အတွက် အသေချာဆုံး လမ်းကြောင်းက ဘာတွေလဲဆိုတာကို ဖော်ထုတ်နိုင်ဖို့၊ သိရှိနိုင်ဖို့အတွက် နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ စာရေးသူ Sarah Knight က ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- ကိုယ့်ရဲ့ ဘ၀ကို တခြားသူတွေရဲ့ ကန့်သတ်ချက်တွေအတိုင်း ရှင်သန်နေထိုင်နေရတာကို စိတ်ကုန်နေတဲ့သူတွေ
- ပျော်ရွှင်ပြည့်၀တဲ့ ဘ၀တစ်ခု ဖြစ်လာအောင် ရုန်းကန်တိုက်ခိုက်နေသူတွေ
- အများက ရှုမြင်တဲ့ အမြင်တွေ၊ အများတွေးခေါ်ကြတဲ့ အတွေးအခေါ်တွေအတိုင်း မတွေးချင်ဘဲ ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့ ရှင်သန်နေထိုင်ချင်သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။