Your Best Just Got Better (2012) စာအုပ်က သင့်ရဲ့ ပန်းတိုင်တွေကို ချမှတ်နိုင်ဖို့အတွက်နဲ့ ဒီပန်းတိုင်တွေကို ရောက်ရှိနိုင်ဖို့အတွက် သင့်ရဲ့ အချိန်တွေကို ဘယ်လိုမျိုး အသုံးချမယ်ဆိုတာကို အထိရောက်ဆုံး နည်းလမ်းတွေနဲ့ ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒါ့အပြင် ဒီစာအုပ်ထဲမှာ သင့်ဘ၀ရဲ့ ဘယ်အစိတ်အပိုင်းတွေက သင့်ရဲ့ စိတ်တတ်ကြွမှုတွေကို ကျဆင်းစေတယ် ဆိုတာနဲ့ သင့်ရဲ့ ရည်မှန်းချက်တွေကို နောက်ထပ် အဆင့်တစ်ဆင့်၊ နေရာ တစ်နေရာကို ရောက်ရှိနိုင်ဖို့အတွက် သင် လုပ်ဆောင်နိုင်တဲ့ အရာတွေအကြောင်းကို ဖော်ပြ ပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
• ကိုယ်တိုင် တိုးတတ်အောင် လုပ်ဆောင်ခြင်း (self improvement) နည်းလမ်းတွေကို စိတ်ဝင်စားတဲ့သူတွေ
• နည်းပြတွေ၊ အဖွဲ့မန်နေဂျာတွေ
• သူတို့ရဲ့ အချိန်အများစုကို အထိရောက်ဆုံးဖြစ်အောင် အသုံးချချင်ကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။