The Perfectionist Guide to Losing Control စာအုပ်ထဲမှာတော့ ပြီးပြည့်စုံအောင်လုပ်ဆောင်တတ်တဲ့ လက္ခဏာ (Perfectionist Trait) နဲ့ ပတ်သက်ပြီး ဒီလက္ခဏာကိုကိုယ့်အတွက် အကျိုးရှိအောင် အသုံးချနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြထားပေးပါတယ်။ နောက်ပြီး မတူညီတဲ့ Perfectionist အမျိုးအစားတွေကို ဖော်ပြထားပေးတဲ့အပြင် ဒီ Perfectionist လက္ခဏာတွေကို ကိုယ့်အတွက် ချိန်ညှိလုပ်ဆောင်လို့ရမယ့် နည်းလမ်းတွေကိုလည်း ဖော်ပြထားပေးပါတယ်။