2014 ခုနှစ်က ထုတ်ခဲ့တဲ့ Value Proposition Design စာအုပ်ကတော့ ဆွဲဆောင်မှုရှိတဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ဘယ်လို ဒီဇိုင်းဆွဲရမလဲဆိုတာကို ဖော်ပြပေးထားတဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေရဲ့တစ်ကယ့် တန်ဖိုးအစစ်အမှန်ကို သိနိုင်ဖို့ဆိုရင် ဖောက်သည်တွေရဲ့ နေ့စဉ်ဘဝ အလုပ်တွေနဲ့ လုပ်ငန်းဆောင်တာတွေကို ဘယ်လိုကူညီပေးနိုင်မလဲဆိုတာကို အာရုံစိုက်ရပါလိမ့်မယ်။ ဒါပေမယ့် ဖောက်သည်တွေရဲ့ လုပ်ငန်းဆောင်တာတွေကို ပြီးမြောက်အောင်ကူညီပေးနိုင်မယ့် ထုတ်ကုန်ထုတ်လုပ်တာက ခရီးရဲ့အစပဲ ရှိပါသေးတယ်။