The 7 Habits of Highly Effective People (1989) စာအုပ်ကတော့ ထွက်ခဲ့သမျှ တိုးတက်ရေး စာအုပ်တွေထဲမှာ အအောင်မြင်ဆုံး တစ်အုပ်ဖြစ်ပါတယ်။ ဒီလိုမျိုး လွှမ်းမိုးမှုရှိတဲ့ လမ်းညွှန်စာအုပ်က ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ရဲ့ Professional ဘဝမှာ အောင်မြင်ဖို့အတွက် ကူညီပေးနိုင်တဲ့ လက်တွေ့ကျတဲ့ နည်လမ်းတွေကို ဖော်ပြထားပါတယ်။
ဘယ်သူတွေ ကြည့်ရှုဖို့အတွက်လဲ?
– ကိုယ့်ရဲ့ ဖြစ်နိုင်ခြေတွေကို ဖြည့်ဆည်းပေးဖို့အတွက် စိတ်အားထက်သန်နေတဲ့ Professionals တွေ၊
– ပိုပြီးတော့ ခိုင်မာတဲ့ Relationship တွေကို တည်ဆောက်ချင်တဲ့ သူတွေ၊
– တိုးတက်ရေး ဂန္တဝင်စာအုပ်တစ်အုပ်ကို ဖတ်ဖို့အတွက် ရှာဖွေနေတဲ့သူတွေ
ကြည့်ရှုသင့်ပါတယ်။
မူရင်းစာရေးဆရာအကြောင်း
Stephen Covey ကတော့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၊ Lecturer တစ်ယောက်၊ The Leader in Me, စာအုပ်ပေါင်း သန်း ၂၀ ကျော်ရောင်းခဲ့ရတဲ့ The Seven Habits of Highly Effective People စာအုပ်တွေလိုမျိုး အရောင်းရဆုံးစာအုပ်တွေရဲ့ စာရေးဆရာတစ်ယောက် ဖြစ်ပါတယ်။ TIME Magazine က ထုတ်ပြန်တဲ့ ၁၉၉၆ ခုနှစ်က လွှမ်းမိုးမှုအရှိဆုံး ၂၅ ယောက်ထဲက တစ်ယောက်အဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရပါတယ်။