ဒီစာအုပ်ကတော့ ဒီဘက်ခေတ် သိပ္ပံပညာက အတုယူလေးစားရတဲ့ ရှေးခေတ် အသိပညာတွေအကြောင်းကို လမ်းပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲက ဆရာတွေကတော့ ရှေးခေတ် အတွေးအခေါ် ပညာရှင်ကြီးတွေ ဖြစ်ပြီးတော့ သင်ခန်းစာတစ်ခုစီက ကျွန်တော်တို့ကို ကောင်းမွန်တဲ့ ဘဝတစ်ခုဆီ ခေါ်ဆောင်သွားမယ့် လမ်းကြောင်းတစ်ခုအတွက် မေးခွန်းတွေ၊ နည်းစနစ်တွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ Philosophy for Life စာအုပ်ကို နိုင်ငံပေါင်း ၁၉ နိုင်ငံမှာ ဖြန့်ချိထားပြီး Times မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး စာအုပ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
ဘယ်သူတွေ ကြည့်ရှုဖို့အတွက်လဲ?
– ကောင်းမွန်တဲ့ ဘဝတစ်ခုမှာ နေထိုင်ပြီး တစ်ကိုယ်ရည်တိုးတက်ဖို့ကို စိတ်ဝင်စားကြသူတိုင်း
– Aristotle, Plutarch တို့လို အတွေးအခေါ် ပညာရှင်ကြီးတွေဆီကနေ လေ့လာချင်သူတိုင်း
– ကိုယ့်ရဲ့ အတွေးအခေါ်ပညာရပ်ဆိုင်ရာ အသိပညာတွေကို တိုးတက်ချင်သူတိုင်း
– Cognitive Behavioral Therapy ကို စိတ်ဝင်စားကြသူတိုင်း
ကြည့်ရှုသင့်ပါတယ်။
မူရင်းစာရေးသူအကြောင်း
Jules Evans ဟာ စာရေးဆရာတစ်ယောက်၊ ဂျာနယ်လစ်တစ်ယောက်၊ Blogger တစ်ယောက်ဖြစ်သလို၊ London တက္ကသိုလ်ရဲ့ History of Emotions အတွက် အဓိက အရေးပါတဲ့ လူတစ်ယောက်လဲ ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး အတွေးအခေါ်ပညာရပ်ဆိုင်ရာ အသင်းအဖွဲ့တစ်ခုဖြစ်တဲ့ London Philosophy Club ရဲ့ ဥက္ကဌလဲ ဖြစ်ပါတယ်။