The Power of Positive Thinking စာအုပ်က ပျော်ရွှင်မှုတွေ ရရှိစေနိုင်ဖို့၊ အခက်ခဲဆုံး ပြဿနာတွေ ကိုတောင် ဖြေရှင်းစေနိုင်ဖို့အတွက် အပြုသဘောဆောင်တဲ့ အတွေးတွေနဲ့ လုပ်ဆောင်ရမယ့်၊ ဖြေရှင်းရမယ့် နည်းလမ်းတွေကို လမ်းညွှန် ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ စိတ်သဘောထားတွေကို ကျွန်တော်တို့ရဲ့ ဘ၀မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ အပေါ်မှာ အာရုံစူးစိုက်ထားပြီး ယုံကြည်ချက်ရှိစွာနဲ့ အလုပ်တွေကို လုပ်ဆောင်နိုင်မယ်ဆိုရင် အပြုသဘောဆောင်တဲ့ အကျိုးရလဒ်တွေ ထွက်ရှိလာအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘ၀တွေကို အရင်ကနဲ့ မတူအောင် ပြောင်းလဲပစ်နိုင်မှာ ဖြစ်ပါတယ်။
ဘယ်လိုသူတွေ ကြည့်ရှုဖို့အတွက်လဲ။
– ဘဝမှာ ပိုပြီး ပျော်ရွှင်စွာ၊ ပိုပြီး စိတ်ကျေနပ်စွာ နေထိုင်ချင်တဲ့သူတွေ
– လူမှုပေါင်းသင်းဆက်ဆံရေးတွေကို ပိုမို ကောင်းမွန်စေချင်ကြတဲ့သူတွေ
– ပြဿနာတွေ၊ အလုပ်တွေကို အပြုသဘောဆောင်တဲ့ နည်းလမ်းတွေနဲ့ ချဥ်းကပ်လုပ်ဆောင် ချင်ကြတဲ့သူတွေ
ကြည့်ရှုသင့်ပါတယ်။
မူရင်းစာရေးသူအကြောင်း
Norman Vincent Peale က နယူးရော့ခ်မြို့ရဲ့ ဝန်ကြီးဟောင်းတစ်ယောက် ဖြစ်ပြီး The Art of Living, Inspiring Messages for Daily Living နဲ့ A Guide to Confident Living စာအုပ်များ အပါအဝင် ရောင်းအားအကောင်းဆုံး စာအုပ်များကို ရေးသားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် Positive Thinking Foundation ကို တည်ထောင်သူ တစ်ဦး ဖြစ်ပြီး တီဗီနဲ့ ရေဒီယိုမှာလည်း တက်ကြွစွာ ဟောပြောနေသူ တစ်ယောက် ဖြစ်ပါတယ်။