The 15 Invaluable Laws of Growth စာအုပ်ထဲမှာတော့ Leadership ဂုရု John C. Maxwell က Self-development နဲ့ ပတ်သက်တဲ့ သူ့ရဲ့ လျှို့ဝှက်ချက်တွေကို မျှဝေထားပါတယ်။ သူက တစ်ကိုယ်ရည်တိုးတက်မှုဆိုတာ အလိုလိုဖြစ်လာတာ မဟုတ်ဘဲ အမြဲတမ်း ပျိုးထောင်နေဖို့ လိုအပ်တယ်လို့ ပြောပြထားပါတယ်။ ကိုယ့်ရဲ့ အဓိက တန်ဖိုးတွေကို ရှာဖွေတွေ့ရှိခြင်း၊ ဗျူဟာတစ်ခု ချမှတ်၍ လုပ်ဆောင်ခြင်းနဲ့ နေ့စဥ်နေ့တိုင်း သေးငယ်တဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်သွားခြင်း စတာတွေနဲ့ ကိုယ့်ရဲ့ တစ်ကိုယ်ရည် တိုးတက်မှုကို အရှိန်မြှင့်တင်လို့ ရပါတယ်။ နောက်ပြီး ပျော်ရွှင်မှုတွေ၊၊ စွန့်စားမှုတွေ၊ စိတ်ကျေနပ်မှုတွေ ပြည့်နှက်နေတဲ့ ဘဝတစ်ခုကို နေထိုင်သွားနိုင်ပါတယ်။
ဘယ်သူတွေ ကြည့်ရှုဖို့အတွက်လဲ?
– ကိုယ့်ရဲ့ ခေါင်းဆောင်မှု စွမ်းရည်တွေကို တိုးတက်ဖို့အတွက် စိတ်ဝင်စားတဲ့ တက်သစ်စ Professional တွေ
– ဘဝ အပြောင်းအလဲတစ်ခုကို ကြုံတွေ့နေတဲ့ အတွေးအခေါ်မြင့်တဲ့ သူတွေ
– ကိုယ့်ရဲ့ စီးပွားရေး လုပ်ငန်းကို ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာကို သင်ယူချင်တဲ့ စွန့်ဦးတီထွင်တွေ
ကြည့်ရှုသင့်ပါတယ်။
မူရင်းစာရေးသူအကြောင်း
မူရင်းစာရေးဆရာ John C. Maxwell က New York Times ရဲ့ ရောင်းအားအကောင်းဆုံး စာရေးဆရာများထဲက တစ်ယောက်ဖြစ်ပြီး Leadership နဲ့ Personal Development ဆိုင်ရာ စာအုပ်ပေါင်း ၇၀ ကျော် ရေးသားခဲ့ပါတယ်။ The American Management Association က သူ့ကို စီးပွားရေးလောကရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦး အဖြစ် သတ်မှတ်ထားပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မာသာထရီဇာ Mother Teresa ဆုနဲ့ Luminary Leadership Network က ချီးမြှင့်တဲ့ ခေါင်းဆောင်မှုဆိုင်ရာ ဆုတွေကို ရရှိခဲ့တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ နိုင်ငံပေါင်း ၁၈၀ မှာ ခေါင်းဆောင်ပေါင်း ၅ သန်းကျော်ကို လေ့ကျင့်ပေးထားတဲ့ EQUIP ဆိုတဲ့ အမြတ်အစွန်းအတွက် မရည်ရွယ်တဲ့ အဖွဲ့အစည်းတစ်ခုကိုလဲ တည်ထောင်ထားပါတယ်။