The Laws of Human Nature (2018) စာအုပ်က ကျွန်တော်တို့ လျစ်လျူရှုလေ့ရှိတဲ့ လူသားတွေနဲ့ သက်ဆိုင်တဲ့ အခြေအနေတွေကို ရှုထောင့်မျိုးစုံကနေ နက်နက်နဲနဲ လေ့လာထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ စာရေးဆရာ Robert Greene ရှင်းပြထားသလိုပဲ ကျွန်တော်တို့အားလုံးက အနည်းငယ်တော့ ရုပ်ဝါဒဆန်ကြပါတယ်၊ တစ်ဖက်ပိတ်ကြပါတယ်၊ ရေရှည်ကို မကြည့်တတ်ကြပါဘူး၊ စိတ်ဆန္ဒကို မထိန်းနိုင်ကြဘဲ ကမူးရှူးထိုးနိုင်တတ်ကြပါတယ်။ ဒါပေမဲ့ လူ့သားသဘာဝရဲ့ ဒီလို ရှုထောင့်တွေကို စတင် နားလည်လာပြီး လက်ခံလာတာနဲ့ ဒါတွေကို ထိန်းချုပ်နိုင်လာပြီး အကျိုးအမြတ်တွေတောင်မှပဲ ဖြစ်ထွန်းနိုင်ပါတယ်။
ဘယ်သူတွေ ကြည့်ရှုသင့်လဲ?
– စိတ်ပညာနဲ့ လူသားသဘာဝ ဘာသာရပ် ကျောင်းသားများ
– ကိုယ့်ရဲ့ အမူအကျင့်တွေကို နားလည်အောင် ရှာဖွေနေကြတဲ့ သူများ၊
– ပိုပြီးတော့ ကောင်းမွန်တဲ့ ဘဝတစ်ခုကို နေချင်ကြသူများ
ကြည့်ရှုသင့်ပါတယ်။
မူရင်းစာရေးသူအကြောင်း
Robert Greene ကတော့ New York Times ရဲ့ ရောင်းအား အကောင်းဆုံး စာရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ အရေးကြီးတဲ့ သမိုင်းဝင် ပုဂ္ဂိုလ်တွေနဲ့ သူတို့ရဲ့ အောင်မြင်တဲ့ နည်းဗျူဟာတွေအပေါ် ထိုးထွင်းသိမြင်တဲ့အတွက် သူ့ရဲ့ လက်ရာတွေကို သမိုင်းပညာရှင်တွေ၊ စီးပွားရေးပညာရှင်တွေကတောင် အထင်ကြီးလေးစားကြပါတယ်။ သူ့ရဲ့ ထွက်ရှိပြီးတဲ့ စာအုပ်တွေထဲမှာတော့ The 48 Laws of Power, The 33 Strategies of War နဲ့ Mastery စာအုပ်တွေ ပါဝင်ပါတယ်။