On the Shortness of Life (49 AD) စာအုပ်ကတော့ ဘဝကို ဘယ်လိုမျိုး အသိအမှတ်ပြုရမလဲ? ဘဝရဲ့ အနှစ်သာရကို ဘယ်လိုခံစားရမလဲ? ဘယ်လို အသုံးချရမလဲ? ဆိုတဲ့အကြောင်း စာတမ်းတိုတစ်ပုဒ်ဖြစ်ပါတယ်။ ဒီကမ္ဘာကြီးထဲမှာ အမှန်တကယ် တန်ဖိုးရှိတဲ့အရာနဲ့ အရေးမကြီးတဲ့ အရာတွေကြောင့် အာရုံပျံ့လွင့်ခြင်းကို ဘယ်လိုရှောင်ရှားရမလဲဆိုတာကို ဒီစာအုပ်က ဖော်ပြထားပါတယ်။ စစ်မှန်တဲ့ ပျော်ရွှင်မှုက ဘယ်နေရာကနေ လာတာလဲ? အလုပ်ကို ကြိုးစားလုပ်ခြင်းက စိတ်ငြိမ်းချမ်းခြင်း၊ စိတ်ကျေနပ်ခြင်းကို ဘာကြောင့် မရစေနိုင်တာလဲ ဆိုတာတွေကို ပြောပြပေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။
ဘယ်သူတွေ ကြည့်ရှုသင့်လဲ?
– တခြားအရာတွေအတွက် လုံးဝအချိန်မရှိတဲ့ အလုပ်အရမ်းကြိုးစားကြသူတွေများ၊
– ကောင်းမွန်တဲ့ ဘဝတစ်ခုကို နေထိုင်ရတဲ့ အဓိပ္ပါယ်ကို ရှာဖွေဖို့ ကြိုးစားနေတဲ့ အတွေးအခေါ်ပညာရှင်များ၊
ကြည့်ရှုသင့်ပါတယ်။
မူရင်းစာရေးသူအကြောင်း
Seneca the Younger လို့ လူသိများအတွက် Lucius Annaeus Seneca ကတော့ ရောမခေတ် အတွေးအခေါ်ပညာရှင်တစ်ယောက်ဖြစ်ခဲ့ပြီး အေဒီ တစ် ရာစုအတွင်းက နိုင်ငံရေးသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ Seneca က Stoicism အတွေးအခေါ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပါတယ်။ သူက စာတမ်းများ၊ စာစောင်များနဲ့ အလွမ်းဇာတ်များ၊ သူ့အဖေရဲ့ အတုပ္ပတ္တိ၊ သရော်စာများ စတာတွေပါဝင်တဲ့ လက်ရာများစွာကို ရေးသားခဲ့ပါတယ်။