logoDreamLab

    Content Hub

    HomeExploreCategoryFree Library

    Connect

    HistorySaved

    Control

    Update Premium

    What's it about?

    Video Overview

    Recommended Videos

    (102) Lives of The Stoics

    (102) Lives of The Stoics

    Ryan Holiday and Stephen Hanselman
    29m 28s
    Myanmar

    What's it about?

    Life
    Life

    Video Overview

    Stoicism မှာ အဓိကအကျဆုံး မေးခွန်းတစ်ခုတည်းရှိပြီး ဒီမေးခွန်းကတော့ “ဘဝကို ဘယ်လိုနေထိုင်ရမလဲ” ဆိုတဲ့ မေးခွန်းပါ ။

    Stoics တွေကတော့ ဘဝကိုအကောင်းဆုံးဖြတ်သန်းနိုင်ဖို့ဆိုရင်ကိုယ်ကျင့်တရားကို အကောင်းဆုံးဖြစ်အောင်ပြုမူ နေထိုင်ရမှာ ဖြစ်ပြီး Stoicism ရဲ့တည်ထောင်သူ Zeno ကတော့ Virute ဆိုတဲ့ကိုယ်ကျင့်တရားကို Courage (သတ္တိ)၊ Wisdom (ဉာဏ်ပညာ)၊ Temperance (မိမိကိုယ်ကိုယ်ထိန်းချုပ်မှု) နဲ့ Justice (တရားမျှတမှု) ဆိုပြီး အပိုင်းလေးပိုင်း ခွဲခြားခဲ့ပါတယ်။

    Stoicism ဆိုတာ ထိုင်ရာမထ တွေးခေါ်ပြီး စကားလုံးတွေနဲ့ ချဲ့ကားပြောဆိုရမယ့် အတွေးအခေါ်မဟုတ်ပဲကိုယ်တိုင် လက်တွေ့ကျင့်သုံးရင်း ကြိုးစားအားထုတ်ရမယ့်အတွေးအခေါ်တစ်ခုဖြစ်တာကြောင့် Stoics တွေက ကိုယ့်ကျင့်တရား ကောင်းမွန်တဲ့ ဘဝကောင်းတွေကို ရရှိနိုင်ဖို့အတွက် အထက်မှာ ဖော်ပြခဲ့တဲ့ကိုယ်ကျင့်တရားကို အကောင်းဆုံးဖြစ်နေ အောင်နေထိုင်ခဲ့ကြပါတယ်။

    ဒီစာအုပ်ထဲမှာ တော့ ဂရိနဲ့ ရောမခေတ်တုန်းကရှိခဲ့တဲ့ Stoic အတွေးအခေါ်သမားတွေအနေနဲ့ သူတို့ဘဝကိုဘယ်လို နေထိုင်ခဲ့သလဲဆိုတာကိုဖော်ပြထားပါတယ်။

    ဒါကြောင့်ဒီစာအုပ်ထဲမှာ

    -Cleanthes က ဘာလို့သူ့ရဲ့ အတွေးအခေါ်တွေကို ကမာခွံမှာ ရေးသားခဲ့တာလဲ

    -Marcus Aurelius က ကပ်ရောဂါကြီးကို ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့သလဲ

    – ကမ္ဘာ့နာမည်အကြီးဆုံး Stoic တစ်ယောက်ရဲ့လက်က ဘာကြောင့်သွေးစွန်းခဲ့လဲ ဆိုတဲ့

    အကြောင်းအရာတွေကို လေ့လာရမှာဖြစ်ပါတယ်။

    ဘယ်သူတွေ ကြည့်ရှုဖို့အတွက်လဲ?

    – အတွေးအမြင်အသစ်တွေကို ရှာဖွေနေတဲ့ ဒဿနိကဗေဒမှာ စိတ်ဝင်စားသူတွေ

    – လှုံ့ဆော် အားပေးမှုတွေကို ရှာဖွေနေကြတဲ့ ရေကုန်ရေခမ်း ကြိုးစားကြသူတွေ၊

    – ‌‌ရှုထောင့်အသစ်တွေကို ရှာဖွေနေကြတဲ့ တက်သစ်စ သမိုင်းပညာရှင်တွေ 

    ကြည့်ရှုသင့်ပါတယ်။

    မူရင်းစာရေးဆရာအကြောင်း 

    Ryan Holiday ကတော့ အမေရိကန်လူမျိုး စာရေးဆရာနဲ့ Media Strategist တစ်ယောက်ဖြစ်ပြီး စာအုပ်ဆိုင်ပိုင်ရှင်လဲ ဖြစ်ပါတယ်။ Daily Stoic podcast ရဲ့ အစီအစဥ်မှူးလဲ ဖြစ်ပါတယ်။သူ့ရဲ့ တခြားစာအုပ်တွေကတော့ Stillness is the Key, Ego is the Enemy နဲ့ The Obstacle is the Way တို့ပဲ ဖြစ်ပါတယ်။

    Stephen Hanselman ကတော့ စာရေးဆရာတစ်ယောက် ဖြစ်သလို ထုတ်ဝေသူလဲ ဖြစ်ပါတယ်။ Fresno Pacific တက္ကသိုလ်မှာ လေ့လာခဲ့ပြီး Harvard Divinity School မှာ မဟာဘွဲ့ရခဲ့ပါတယ်။ သူ့ရဲ့ တခြားစာအုပ်ကတော့ The Daily Stoic စာအုပ်ပဲ ဖြစ်ပါတယ်။

    Recommended Videos

    (205) The Happiness Trap

    (205) The Happiness Trap

    (199) Trust

    (199) Trust

    (145) Do Hard Things

    (145) Do Hard Things

    (132) Hustle

    (132) Hustle

    Recommended Videos

    (205) The Happiness Trap

    (205) The Happiness Trap

    (199) Trust

    (199) Trust

    (145) Do Hard Things

    (145) Do Hard Things

    (132) Hustle

    (132) Hustle