logoDreamLab

    Content Hub

    HomeExploreCategoryFree Library

    Connect

    HistorySaved

    Control

    Update Premium

    What's it about?

    Video Overview

    Recommended Videos

    (103) Untangling You

    (103) Untangling You

    Kerry Howells
    8m 43s
    Myanmar

    What's it about?

    Personal Development
    Personal Development

    Video Overview

    သင့်မိဘတွေက သင့်ထက် သင့်အစ်ကိုကိုပိုချစ်တယ်လို့ သင်ခံစားရတဲ့အခါ၊ မနက်လေးနာရီလောက်မှာ သင့် ဘေးအိမ်ကကလေး ထငိုလို့အိပ်မရတဲ့ညတွေ၊ သင်နဲ့ထိုက်တန်တဲ့ရာထူးနေရာကို သင့်လုပ်ဖော်ကိုင်ဖက်က သင့်ကိုကျော်ပြီးရသွား တဲ့အခါ၊ သင်ပြောပြလိုက်တဲ့ဟာသတစ်ခုကို သင်ချစ်တဲ့သူငယ်ချင်းက Confidence ရှိ ရှိနဲ့ သူ့ကိုယ်ပိုင်ဟာသလို တစ်ခြားလူတွေကိုပြန်ပြောပြတာ ကြုံတဲ့အခါ ….

    ကျွန်တော်တို့အနေနဲ့ ဒီလိုစိတ်အနှော က်အယှက်ပေးလာတဲ့ အခြေအနေတွေနဲ့ အလားတူ အခြေအနေတွေ အများကြီး အများကြီးကြုံဖူးကြမှာ ပါ။

    ဒီလိုကြုံဖူးတဲ့အခြေအနေအားလုံးမှာ တူညီတာတစ်ခုက ဒီအခြေအနေ အတွေ့အကြုံအားလုံးက ကျွန်တော်တို့ကိုခါးသီးတဲ့ခံစားချက်တွေဖြစ်ပေါ်စေပါတယ်။

    ဒီလိုခါးသီးတဲ့ခံစားချက်တွေကိုသာ အချိန်မီကိုင်တွယ်ဖြေရှင်းလို့ မရခဲ့ရင်ဒီခံစားအချက်တွေက အနာတစ်ခု လိုပဲပိုဆိုးလာပြီးကျွန်တော်တို့ဘဝရဲ့ Relationship, ကျန်းမာရေးနဲ့ အလုပ် စတဲ့တစ်ခြား ကဏ္ဍတွေကိုပါ ထိခိုက်စေလာနိုင်ပါတယ်။

    ဒါကြောင့် Untanglin You စာအုပ်ထဲမှာ ကျွန်တော်တို့စိတ်ထဲမှာ တစ်ခြားအကြောင်းအရာတွေကြောင့်ဖြစ် ပေါ်လာတဲ့ခါးသီးတဲ့ခံစားချက်တွေနဲ့ Gratitude ကျေးဇူးတရားတွေကိုမျှမျှတတ ဘယ်လိုကိုင်တွယ်မလဲ?

    Gratitude တွေက ကျွန်တော်တို့ရွေးချယ်လိုက်တဲ့ရွေးချယ်မှုတွေအပေါ် တာဝန်ခံနိုင်အောင် ဘယ်လိုကူညီ ပေးသလဲ?

    တစ်ခြားသူတွေအပေါ်မှာ ရော ကျွန်တော်တို့ကိုယ်တိုင်အပေါ်မှာ ပါ ကျွန်တော်တို့ထားရှိထားတဲ့ခါးသီးတဲ့ ခံစားချက်တွေကို မဟာဗျူဟာကျကျ ဘယ်လိုဖြေရှင်းမလဲဆိုတာတွေကိုဖော်ပြထားပေးပါတယ်။

    ဘယ်သူတွေ ကြည့်ရှုဖို့အတွက်လဲ?

    – ကိုယ့်ဝန်ထမ်းရဲ့ ကိုယ်ကျင့်တရားနဲ့ ကျန်းမာရေးကို မြှင့်တင်ပေးချင်တဲ့ ‌ခေါင်းဆောင်တွေ

    – ကလေးတွေနဲ့ ပတ်သက်တဲ့ ပဋိပက္ခတွေကို ချဥ်းကပ်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေကို ရှာဖွေနေကြတဲ့ မိဘတွေနဲ့ ဆရာတွေ

    – အငြိုးအတေး အာဃာတတွေကို ရပ်တန့်ပြီး လူမှုဆက်ဆံရေးဆိုင်ရာ ပေါင်းကူးတံတားတွေကို ပြန်လည်ပြင်ဆင်ချင်တဲ့သူတွေ 

    ကြည့်ရှုသင့်ပါတယ်။ 

    မူရင်းစာရေးဆရာအကြောင်း 

    Dr. Kenny Howells ကတော့ စာရေးဆရာတစ်ယောက်၊ ကျောင်းဆရာမတစ်ယောက်ဖြစ်ပြီး ကျေးဇူးတရားအကြောင်းကို နှစ်ပေါင်း ၂၀ ကျော်ကြာ သုတေသနပြုလုပ်ခြင်း၊ သင်ကြားခြင်းနဲ့ လေ့ကျင့်ခြင်းတွေပြုလုပ်ခဲ့တဲ့ thought leader တစ်‌ယောက် ဖြစ်ပါတယ်။ ကျန်းမာတဲ့ ဆက်ဆံရေးတွေ၊ ကြိုးစားတဲ့ အလုပ်ခွင်တစ်ခုနဲ့ ဟန်ချက်ညီတဲ့ ကမ္ဘာကြီးကို ဖန်တီးတဲ့နေရာမှာ ကျေးဇူးတရားရဲ့ အရေးပါတဲ့ အခန်းကဏ္ဍအကြောင်းကို TEDx Talks တွေနဲ့ UN တို့မှာ တခြားသူတွေနဲ့အတူ ဆွေးနွေးခဲ့ပါတယ်။

    Recommended Videos

    (219) Change Your Life

    (219) Change Your Life

    (213) Stop Doing That Shit

    (213) Stop Doing That Shit

    (209) Who Moved My Cheese

    (209) Who Moved My Cheese

    (207)  Who Not How

    (207) Who Not How

    Recommended Videos

    (219) Change Your Life

    (219) Change Your Life

    (213) Stop Doing That Shit

    (213) Stop Doing That Shit

    (209) Who Moved My Cheese

    (209) Who Moved My Cheese

    (207)  Who Not How

    (207) Who Not How