ဘဝမှာ ဘယ်လိုနေထိုင်သင့်သလဲဆိုတဲ့မေးခွန်းဟာ သမိုင်းတစ်လျှောက် တည်ရှိခဲ့တဲ့ ဓလေ့တိုင်း၊ ကိုးကွယ် တဲ့ဘာသာရေးတိုင်း၊ လူ့အဖွဲ့အစည်းတိုင်းအတွက်လိုအပ်တဲ့မေးခွန်းတစ်ခုဖြစ်ခဲ့ပါတယ်။
ဒီတော့ကျွန်တော်တို့အနေနဲ့ ဘဝကိုဘယ်လိုနေထိုင်သင့်သလဲ? ဘဝမှာ တွေ့ကြုံလာတဲ့ အခက်အခဲစိန်ခေါ် မှုတွေကို ဘယ်လိုကိုင်တွယ်ရမလဲ? တစ်ခြားသူတွေကို ဘယ်လို ဆက်ဆံရမလဲ? ကျွန်တော်တို့အတွင်းစိတ် ကြောင့်ဖြစ်လာတဲ့ပူလောင်မှုတွေကို ဘယ်လိုရင်ဆိုင်ရမလဲ?
ဒါတွေအားလုံးကိုရှေးကတည်းက ကျင့်သုံးခဲ့တဲ့ Stoicism အတွေးအခေါ်ထဲမှာ သင်ပြထားပေးပြီး ဒီနေ့ ခေတ်ဘဝနေထိုင်မှုပုံစံတွေအတွက်ပါ အရေးပါတဲ့ ဒဿနအတွေးအခေါ်တွေဖြစ်ပါတယ်။
Stoic Philosophers တွေက မိတ်ဆွေတွေနဲ့ ဆက်ဆံရေးကစပြီး နေ့တိုင်းကြုံတွေ့နေရတဲ့ရှုပ်ထွေးမှုတွေ ကိုဖြေရှင်းရင်း ကောင်းမွန်မြင့်မြတ်တဲ့ ဘဝတွေကို လက်တွေ့ကျကျ ဖြတ်သန်းခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။
ဒါကြောင့်ဒီစာအုပ်ထဲမှာ
ဉာဏ်ပညာဆိုတာ ဘာလို့အရေးအကြီးဆုံး သူတော်ကောင်းတရား ဖြစ်နေတာလဲ?
တစ်ခြားသူတွေအမြင်ကနေ ကိုယ့်ကိုယ်ကိုပြန်ကြည့်ခြင်းအားဖြင့်ပိုကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေနဲ့ အဓိပ္ပါယ်ရှိတဲ့ဆုံးဖြစ်ချက်တွေကိုဘာလို့ချမှတ်နိုင်တာလဲ?
သေခြင်းတရားပေါ်ထားရှိတဲ့ကောင်းမွန်တဲ့ Attitudes တွေက ကျွန်တော်တို့ဘဝကို အသိအမှတ်ပြုဖို့ ဘယ်လိုကူညီလဲ ဆိုတာတွေကိုသိရှိရမှာ ဖြစ်ပါတယ်။
ဘယ်သူတွေ ကြည့်ရှုဖို့အတွက်လဲ?
– ဒဿနိကဗေဒကို စိတ်ဝင်စားသူတိုင်း၊
– ဘဝကို ပိုပြီးကောင်းမွန်အောင် နေထိုင်ချင်ကြသူတိုင်း
– ထိန်းချုပ်နိုင်စွမ်းတွေကို ကျော်လွန်တဲ့အရာတွေကို ကိုင်တွယ်ဖို့အတွက် ရုန်းကန်နေရသူတွေ
ကြည့်ရှုသင့်ပါတယ်။
မူရင်းစာရေးဆရာအကြောင်း
Massimo Pigliucci ကတော့ New York’s City College က ဒဿနိကဗေဒ ပါမောက္ခတစ်ယောက်ဖြစ်ပြီး American Association for the Advancement of Science ရဲ့ အဖွဲ့ဝင်တစ်ယောက်လဲ ဖြစ်ပါတယ်။ Stoicism ကို လေ့လာကျင့်သုံးနေသူတစ်ယောက်လဲ ဖြစ်ပါတယ်။ သူ့ရဲ့ အရေးအသားတွေကို Philosophy Now, the New York Times နဲ့ the Wall Street Journal တွေမှာ ဖော်ပြခြင်းခံရပါတယ်။