Branding Between the Ears
Marketer တစ်ယောက်အနေနဲ့ Branding အတွက် အင်အားရှိသမျှအကုန်ထုတ်သုံးပြီး လုပ်ဆောင်နေပေမယ့် စားသုံးသူတွေအမြင်မှာ ကိုယ့်ရဲ့ Brand က တစ်ခြား Brands တွေနဲ့ သူလိုငါလိုဖြစ်နေတဲ့အတွက် ထင်သလောက် ရောင်းအားမကောင်းတာတွေ ဖြစ်နေသလား?
ဒီစာအုပ်ထဲမှာတော့ Branding နဲ့ ပတ်သက်ပြီး ကျွန်တော်တို့နားလည်ထားတဲ့ လွဲမှားနေတဲ့ ယုံတမ်းစကားတွေ၊ တစ်ဝက်ပဲမှန်တဲ့ အကြောင်းအရာတွေကို သိပ္ပံနည်းကျ ပြန်ရှင်းပြထားပြီး စားသုံးသူတွေအနေနဲ့ ပစ္စည်းတစ်ခုဝယ်ဖို့ ဆုံးဖြတ်ချက်ချတဲ့အခါ သူတို့ဦးနှောက်က ဘယ်လိုအလုပ် လုပ်ဆောင်သလဲဆိုတဲ့ အကြောင်းအရာတွေကို ဖော်ပြထားပါတယ်။
ဒီစာအုပ်ထဲမှာ
ကျွန်တော်တို့ Brand ရဲ့ ကောင်းကျိုးတွေကို List တစ်ခုအနေနဲ့ ဘာလို့မဖော်ပြသင့်တာလဲ
Emotion နဲ့ ပတ်သက်တဲ့ ကြော်ငြာတွေက ဘာလို့ အလုပ်မဖြစ်တာလဲ
စားသုံးသူတွေနဲ့ စိတ်ခြင်းဆက်နေတဲ့ Brand တစ်ခုကို ဘယ်လိုတည်ဆောက်ရမလဲ
စတဲ့အကြောင်းအရာတွေကို ဖော်ပြထားပါတယ်
ဘယ်သူတွေ ကြည့်ရှုဖို့အတွက်လဲ?
– မားကတ်တင်းသမားများနဲ့ အရောင်းသမားများ
– ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းကို တိုးတက်ချင်တဲ့ တက်သစ်စ စွန့်ဦးတီထွင်များ
– ဆန်းသစ်တဲ့ အတွေးအမြင် ရှုထောင့်တွေကို ရှာဖွေနေကြတဲ့ စိတ်ပညာ စိတ်ဝင်စားကြသူများ
ကြည့်ရှုသင့်ပါတယ်။
မူရင်းစာရေးသူအကြောင်း
Sandeep Dayal ကတော့ မားကတ်တင်းနဲ့ စီးပွားရေး ဗျူဟာ အတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်တဲ့ Cerenti ရဲ့ မန်နေဂျင်း ဒါရိုက်တာ ဖြစ်ပါတယ်။ Marketing နဲ့ Branding မှာ ၂၅ နှစ်ကြာ အတွေ့အကြုံရှိပြီး McKinsey နဲ့ Booz Allen Hamilton အတွက်လဲ အလုပ်လုပ်ပေးခဲ့ဖူးပါတယ်။