ကိုယ်က လုပ်ငန်းသစ်တစ်ခုကို စပြီးတည်ထောင်တာဖြစ်ဖြစ်ရှိပြီးသားလုပ်ငန်းကိုပြန်အသက်သွင်း
တာပဲဖြစ်ဖြစ်ဒီလုပ်ငန်းကြီးကြီးထွား လာဖို့က အရေးကြီးပါတယ်
ဒါပေမယ့် အမျိုး အစား ရာပေါင်းချီတဲ့ Growth Model တွေကြားမှာမှ ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီတဲ့
Growth Model ကို ဘယ်လိုရွေးချယ်မလဲ?
ဒီစာအုပ်ထဲမှာ တော့ Tiffani Bova က အဆက်မပြတ်ပြောင်းလဲနေတဲ့ဈေးကွက်ထဲမှာ ပြိုင်ဘက်တွေနဲ့
ယှဉ်ပြိုင်ရင်း လုပ်ငန်းကြီးထွား လာဖို့ လက်တွေ့ကျတဲ့ မဟာဗျူဟာ ၁၀ ခုကိုဈေးကွက်ထဲမှာ အမှန်
တစ်ကယ်ရှိတဲ့လုပ်ငန်းတွေရဲ့ ဥပမာတွေနဲ့ တင်ပြထားပါတယ်။
ဘယ်သူတွေ ကြည့်ရှုဖို့အတွက်လဲ?
– Start-up ပိုင်ရှင်တွေ
– Business Strategists တွေ
– ဆန္ဒပြင်းပြတဲ့ စွန့်ဦးတီထွင်တွေနဲ့ အလုပ်ထဲနစ်နေတဲ့ စွန့်ဦးတီထွင်တွေ
ကြည့်ရှုသင့်ပါတယ်။
မူရင်းစာရေးသူအကြောင်း
Tiffani Bova ဟာ Salesforce မှာ Global Customer Growth and Innovation ကို အထူးပြုတဲ့ တိုးတက်မှုဆိုင်ရာ အကြံပေးဖြစ်ပါတယ်။ စီးပွားရေး ခေါင်းဆောင်တွေနဲ့ အသစ်ဖြစ်ပေါ်နေတဲ့ ခေတ်ရေစီးကြောင်းတွေအကြောင်း၊ ဆန်းသစ်တီထွင်မှုတွေအကြောင်းနဲ့ နောက်ဆုံးပေါ် growth ဗျူဟာတွေအကြောင်းကို ဆွေးနွေးခန်းတစ်ခုဖြစ်တဲ့ What’s Next! ဆိုတဲ့ Podcast ရဲ့ အစီအစဥ်မှူးလဲ ဖြစ်ပါတယ်။ Growth IQ ဟာ သူမရဲ့ ပထမဆုံး စာအုပ်ဖြစ်ပါတယ်။