သမိုင်းတလျှောက်မှာ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ သတင်းအချက်အလက်များစွာကို အဆက်မပြတ် ရယူလာနိုင်တယ်။ ဒါကြောင့် လေ့လာဖို့၊ ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ဖို့ အခုထက် ပိုကောင်းတဲ့ အချိန်မရှိနိုင်တော့ဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာ လူတွေဟာ ဒီအချက်အလက်၊ အသိပညာများစွာအတွက် အားတက်ရမယ့်အစား၊ လုံလုံလောက်လောက် မှတ်မိဖို့အတွက် စိုးရိမ်ပူပန် ရုန်းကန်လာရတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့ စာရေးဆရာ Tiago Forte က သူ့ရဲ့ “Building a Second Brain” စာအုပ်မှာ ကိုယ်တွေ့ကြုံဖြတ်သန်းခဲ့သမျှ Ideas တွေ၊ သင်ခန်းစာ၊ မှတ်ဉာဏ်တွေကို အလွယ်တကူ သိမ်းဆည်း ပြန်အသုံးချနိုင်ဖို့ System တစ်ခု တည်ဆောက်ပုံကို ပြောပြသွားခဲ့တယ်။ သင့် Ideas တွေရဲ့ ဖြစ်နိုင်ခြေတွေကို ရှာဖွေဖို့၊ သင့်ရဲ့ အသိပညာတွေကို စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲဖို့၊ သင့်ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ခွင်မှာ တိုးတက်မှုတွေ တွေ့လာဖို့ “Building a Second Brain” စာအုပ်က ကူညီပေးနိုင်မှာပါ။