စစ်တမ်းအရဆိုရင် အိမ်ထောင်ပြုပြီးတဲ့ အတွဲ ၅၀ ရာခိုင်နှုန်းက ကွာရှင်းတတ်ကြပါတယ်
ဒီတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြလို့ပဲ မင်္ဂလာဆောင်ခဲ့ကြတဲ့အတွဲတွေက ဘယ်ကြောင့်မို့များ တရားရုံးမှာ လမ်းခွဲဖို့ အဆုံးသတ်သွားကြရတာလဲ?
ဒါကြောင့်ပဲ Psychologist John Gottman က ဘယ်လိုအတွဲတွေက သက်ဆုံးတိုင် လက်တွဲသွားတတ်ကြပြီး ဘယ်လိုအတွဲတွေက လမ်းခွဲတတ်ကြသလဲဆိုတာကို သူ့လုပ်သက်တစ်လျှောက်လုံး လေ့လာခဲ့ပါတယ်
1970 ခုနှစ်လောက်ကတည်းက ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Psychologists တွေက Theory တွေအများကြီး ထုတ်ခဲ့ကြပေမယ့် ဘယ်သူကမှ လက်တွေ့သုတေသနတွေ မလုပ်ဆောင်ခဲ့ပါဘူး
Gottman ကတော့ အတွဲရာပေါင်းများစွာကို ဖိတ်ခေါ်ပြီးတော့ X-ray of a marriage ဆိုတဲ့ စမ်းသပ်မှု ပြုလုပ်ခဲ့ပြီး ဒီစမ်းသပ်မှုမှာ Gottman နဲ့ သူ့အဖွဲ့က ဘယ်အတွဲက နောက်သုံးနှစ်လောက်နေရင် ကွဲမလဲဆိုတာကို 94% အထိ မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့ကြပါတယ်
ဒီစာအုပ်ထဲမှာ
အဆင်မပြေတဲ့ အိမ်ထောင်ရေးရဲ့ အဓိကလက္ခဏာတွေ
Relationship တစ်ခုမှာ ပြောဆိုဆက်ဆံမှုတွေကို တိုးတက်အောင် လုပ်ပေးနိုင်မယ့် လက်တွေ့မဟာဗျူဟာတွေကို ဖော်ပြထားပါတယ်