Multipliers (2010) စာအုပ်ဟာ ဘယ်လို Team နဲ့ မဆို အဆင်ပြေပြီး၊ အောင်မြင်တိုးတက်စေနိုင်တဲ့ Multipliers လို့ ခေါ်တဲ့ ခေါင်းဆောင်ကောင်းတွေနဲ့ Team ရဲ့ စွမ်းအင်နဲ့ စွမ်းအားကို ကုန်ဆုံးစေတဲ့ Diminishers လို့ခေါ်တဲ့ ခေါင်းဆောင်ညံ့တွေကြားက ကွာခြားချက်တွေကို ရှာဖွေ ဖော်ထုတ်ထားတဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။ စာရေးဆရာ Liz Wiseman က Multipliers နဲ့ Diminishers တို့ရဲ့ မတူညီတဲ့ အမျိုးအစားတွေကို သိအောင် ဘယ်လို ခွဲခြားရမလဲဆိုတာကို ရှင်းပြထားပါတယ်။ ဒါ့အပြင် သင့်အနေနဲ့ တိုးတက်အောင်လုပ်ရမယ့် စွမ်းရည်တွေနဲ့ လုံးဝ မဖြစ်မနေ ရှောင်ကြဥ်ရမယ့် စွမ်းရည်တွေကိုလည်း နှိုင်းယှဥ်ပြထားပါတယ်။
ဘယ်လိုသူတွေ ကြည့်ရှုဖို့အတွက်လဲ။
– ကိုယ့်ရဲ့ Team ကနေ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ရယူချင်ကြတဲ့ ခေါင်းဆောင်တွေ၊ မန်နေဂျာတွေ၊
– မန်နေဂျာတွေရဲ့ ခေါင်းဆောင်မှု လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်တတ်ကြတဲ့ အလုပ်သမားတွေ၊
– ခေါင်းဆောင်ခြင်း ပညာရပ်ရဲ့ သဘောတရား အသွားအလာတွေကို နားလည်သဘောပေါက်ချင်ကြတဲ့ လူတိုင်းကြည့်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ပဲ ဖြစ်ပါတယ်။