ကိုယ်စိတ်အားထက်သန်တဲ့နောက်ကိုလိုက်ပါဆိုတဲ့ “Follow Your Passion” ဆိုတဲ့ အကြံပြုချက်ကို ကျွန်တော်တို့ တော်တော်များများ ဘဝရဲ့တစ်ထောင့်တစ်နေရာမှာ ကြားဖူးခဲ့ကြပေမယ့် ဒီအကြံပြုချက်က တစ်ကယ်ပဲ ကောင်းတာတွေကို ဖြစ်စေသလား?
ကျွန်တော်တို့ အနေနဲ့ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ဖို့ ဆန္ဒပြင်းပြနေမယ်၊ ဒါပေမယ့် ကျွန်တော်တို့မှာ အသံပိုင်းဆိုင်ရာ၊ ဂီတပိုင်းဆိုင်ရာ အားနည်းချက်တွေရှိနေမယ်ဆိုရင် ဒီစိတ်အားထက်သန်မှု နောက်ကို မျက်စိမှိတ်ပြီးလိုက်သွားဖို့က မဖြစ်နိုင်ပါဘူး
တစ်ခါတစ်လေ လူတစ်ယောက်မှာ သူစိတ်အားထက်သန်တဲ့ အလုပ်တစ်ခုနဲ့ ပတ်သက်ပြီး ပါရမီပါနေမယ်ဆိုရင် သူ့အလုပ်ကသူ့အတွက် ပျော်ပျော်ရွှင်ရွှင်နဲ့ ကြိုးစားအားထုတ်လို့ကောင်းတဲ့ အလုပ်တစ်ခု ဖြစ်နေမယ်ဆိုတာ ကျွန်တော်တို့ ငြင်းလို့မရပါဘူး
ကျွမ်းကျင်မှုတွေဆိုတာ ပြုစုပျိုးထောင်လို့ရတယ်ဆိုတာ မှန်ပေမယ့် ကျွန်တော်တို့ မွေးလာကတည်းက သဘာဝအတိုင်း ကျွမ်းကျင်နေတဲ့အရာတွေ၊ လုပ်ရတာပျော်တဲ့အရာတွေကိုတော့ သိပ္ပံပညာရှင်တွေ၊ သင်္ချာပညာရှင်တွေနဲ့ အနုပညာပညာရှင်တွေက မရှင်းပြနိုင်ကြပါဘူး
ဒီစာအုပ်ထဲမှာတော့ လူတိုင်းလူတိုင်း သူတို့ရဲ့အလားအလာရှိတဲ့ အတိုင်းအတာအထိ ရောက်ရှိနိုင်အောင် လုပ်ဆောင်နိုင်ဖို့ အကြံပြုချက်တွေ ထည့်သွင်းဖော်ပြထားပါတယ်