logoDreamLab

    Content Hub

    HomeExploreCategoryFree Library

    Connect

    HistorySaved

    Control

    Update Premium

    What's it about?

    Video Overview

    Recommended Videos

    (148) Eat It

    (148) Eat It

    Jordan Syatt and Michael Vacanti
    14m 57s
    Myanmar

    What's it about?

    Health
    Health

    Video Overview

    ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်က ခန္ဓာကိုယ်အလေးချိန် လျှော့ချဖို့ ကြိုးစားခဲ့ဖူးရင် Paleo, Keto, Low-fat, High-fat, Low-carb တို့လို့ အစားအသောက်ပုံစံတွေကို စမ်းကြည့်ဖူးလောက်မှာပါ

    ဒီ Diet Plan (အစားအသောက်ပုံစံ) တော်တော်များများကတော့ ခန္ဓာကိုယ်အလေးချိန် လျှော့ကျစေနိုင်တယ်လို့ ဘယ်လောက်ပဲ ချက်ကျလက်ကျပြောနေပါစေ ဒီ Diet Plan တော်တော်များများက ကျွန်တော်တို့ကို Apps တွေ၊ ချက်ပြုတ်နည်းစာအုပ်တွေ၊ သောက်စရာတွေနဲ့ ဈေးကြီးတဲ့ အသင်းဝင်ကဒ်တွေ ရောင်းချနေတာပါ

    Jordan Syatt နဲ့ Michael Vacanti က ခန္ဓာကိုယ်အလေးချိန်ကျချင်တဲ့လူပေါင်း ရာချီကို ခန္ဓာကိုယ်အလေးချိန်ကျအောင် ကူညီပေးနေခဲ့တာ နှစ်တော်တော်ကြာနေပါပြီ

    သူတို့စံချိန်တင်ထားခဲ့တဲ့ အောင်မြင်မှုတွေက သူတို့ကို Gary Vaynerchuk တို့လို စွန့်ဦးတီထွင်လုပ်ငန်းရှင် အပါအဝင် လူတော်တော်များများ လိုအပ်တဲ့ Personal Trainer တွေဖြစ်လာအောင် လုပ်ဆောင်ပေးခဲ့ပါတယ်

    ကျွန်တော်တို့အနေနဲ့ ခန္ဓာကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားတဲ့အခါမှာ ကျွန်တော်တို့ စားနေတဲ့ အစားအသောက်ထဲက Carbs (ကစီဓာတ်) တွေနဲ့ Fat (အဆီဓာတ်) တွေကို စားသောက်ဖို့ ငြင်းဆန်တာတွေ လုပ်နေဖို့ မလိုသလို လာမယ့်အားလပ်ရက် မိတ်ဆုံစားပွဲမှာ Menu ထဲ ဘယ်လိုအစားအသောက်တွေ ပါနေမလဲဆိုတာကိုလည်း စိုးရိမ်စရာမလိုပါဘူး

    Jordan Syatt နဲ့ Michael Vacanti ရဲ့ နည်းလမ်းတွေက ကျွန်တော်တို့ မယုံကြည်နိုင်လောက်အောင် အလုပ်ဖြစ်ပြီး အချိန်တိုင်း အလုပ်ဖြစ်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်

     

    Recommended Videos

    (184) The Metabolism Reset Diet

    (184) The Metabolism Reset Diet

    (163) Fast This Way

    (163) Fast This Way

    (141) Radical Acceptance

    (141) Radical Acceptance

    Recommended Videos

    (184) The Metabolism Reset Diet

    (184) The Metabolism Reset Diet

    (163) Fast This Way

    (163) Fast This Way

    (141) Radical Acceptance

    (141) Radical Acceptance