Personality isn’t Permanent (2020) စာအုပ်ကတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျင့်စရိုက် (Personality ) တွေနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ ယုံတမ်းစကားတွေအကြောင်းကို ဖော်ပြပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီယုံတမ်းစကားတွေက ကျွန်တော်တို့ ပုဂ္ဂိုလ်ရေးတိုးတက်မှုနဲ့ အောင်မြင်ရေးတွေမှာ အတားအဆီးဖြစ်နေတတ်ပါတယ်။
စိတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Benjamin Hardy ပြောပြချက်အရကတော့ လူတွေရဲ့ ပင်ကိုယ်စရိုက် (Personality) တွေက တရားသေသတ်မှတ်ထားတဲ့အရာတွေဖြစ်ပြီး ပြောင်းလဲလို့မရဘူးဆိုတဲ့ အယူအဆက လူတော်တော်များများ ယူဆထားတဲ့ အယူအဆအမှားတစ်ခုဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒီနားလည်မှုက မှားယွင်းနေကြောင်း သိပ္ပံနည်းကျဒီစာအုပ်ထဲမှာ ဖော်ပြထားသလို ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေး ပင်ကိုယ်စရိုက်တွေကို မွန်းမံရမယ့်နည်းလမ်းတွေကိုလည်း ဖော်ပြထားပါတယ်။