လူတွေရဲ့အမူအကျင့်တွေကို ဘယ်အရာတွေက ဖြစ်ပေါ်နေစေတာလဲ? ဂျာနယ်တွေ၊မဂ္ဂဇင်းတွေနဲ့ Online မှာ ဒီအတိုင်းဖြေလိုက်တဲ့ Personality Test တွေက တစ်ကယ်ရော သိပ္ပံနည်းကျကောက်ချက်ချနိုင်သလား ?ကျွန်တော်တို့အမူအကျင့်တွေက အသေ သတ်မှတ်ထားတဲ့ အရာတွေလား?ပြောင်း လဲလို့ရော ရရဲ့လား?Me, Myself and Us (2014) စာအုပ်ထဲမှာ တော့ ကျွန်တော်တို့ကို ဘယ်သူဘယ်ဝါ လို့ သတ်မှတ်ထားတဲ့ Personalityတွေကို ဖြစ်စေတဲ့ အကြောင်းအရာတွေကို ဖော်ပြပေးထားပါတယ်။ ဒီစာအုပ်ထဲမှာ မတူညီတဲ့ Personality တွေနဲ့ဒီPersonality တွေကို လွှမ်းမိုးထားတဲ့အရာတွေကို ဖော်ပြထားတဲ့အပြင် ဒီ Personality တွေက ကျွန်တော်တို့ရဲ့ အမူအကျင့်တွေကို ဘယ်လို ဖြစ်ပေါ်စေသလဲဆိုတာကို ဖော်ပြထားပေးပါတယ်။