Unlimited Power (1989) စာအုပ်ကတော့ ကျွန်တော်တို့ဘဝမှာ ကပ်တွယ်နေတတ်တဲ့ အကြောက်တရားတွေ၊ မသေချာမရေရာမှုတွေနဲ့ ကိုယ့်ကိုယ်ကို မကျေနပ်တဲ့ ခံစားချက်တွေကို ကျော်လွှားနိုင်ဖို့ လမ်းပြပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်နဲ့ အတွေးတွေကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြထားပေးပါတယ်။
ကိုယ်လိုချင်တဲ့ရလဒ်တွေကို ရရှိနေပြီး အောင်မြင်နေတဲ့သူတွေရဲ့ စိတ်နဲ့ခန္ဓာကို ပုံတူကူးပြီး ကျွန်တော်တို့ဘဝကိုလည်း သူတို့လိုအောင်မြင်အောင်လုပ်ဆောင်နိုင်တယ်ဆိုတာကို ဒီ video ထဲမှာ ဖော်ပြပေးထားပါတယ်။