$100 Startup စာအုပ်ကို "စီးပွားရေးလုပ်ငန်းတစ်ခု စဖို့ လိုအပ်တဲ့ တစ်ခုတည်းသော စာအုပ်" လို့ ညွှန်းကြတယ်။ စာရေးသူ Chris Guillebeau ဟာ စီးပွားရေးလုပ်ငန်းငယ်ပေါင်း ၁၅၀၀ ကျော်ကို လေ့လာခဲ့ပြီး အဲဒီထဲကမှ လုပ်ငန်းအခု ၅၀ ကို တွေ့ဆုံ မေးမြန်း အင်တာဗျူးခဲ့ပြီးမှ ဒီစာအုပ်ကို ရေးခဲ့တာဖြစ်ပါတယ်။ ဒီလုပ်ငန်းငယ်တွေဟာ တစ်နှစ်ကို US $50000 နဲ့ အထက် ဝင်ငွေရှိပြီး လုပ်ငန်းစတင်ဖို့ အလွန်နည်းပါးတဲ့ အရင်းအနှီးနဲ့ စခဲ့ကြတဲ့သူတွေချည်းပဲ၊ အများစုရဲ့ အရင်းဟာ $100 အောက် နည်းပါးပါတယ်။ ဒီစာအုပ်ဟာ အောင်မြင်တဲ့ အွန်လိုင်းစီးပွားရေးလုပ်ငန်းတစ်ခုကို အိမ်ကနေပြီး ဘယ်လိုတည်ဆောက်ခဲ့သလဲ ဆိုတဲ့ ဖြစ်ရပ်မှန်တွေကို အင်တာဗျူးလုပ်ထားပြီး ဒီလိုတည်ဆောက်ဖို့ အရေးကြီးတဲ့ သင်ခန်းစာများကို စုစည်းပေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။
ဘာတွေလေ့လာရမလဲ ?