Money (2019) စာအုပ်ကတော့ ငွေကြေးကို မခိုင်းရဘဲ ငွေကြေးအတွက် ကြိုးစားပမ်းစား အလုပ်လုပ်နေရတဲ့ လူတိုင်းအတွက် ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာဆိုရင် ငွေကြေးဆိုင်ရာ လွတ်လပ်မှုနဲ့ ခိုင်မြဲတဲ့ ကြွယ်ဝချမ်းသာမှုကို ရဖို့အတွက် အသေးစိတ် အစီအစဥ်ကို ဖော်ပြပေးထားပါတယ်။ သင့်ရဲ့ အရိုးစွဲနေတဲ့ စိတ်နေစိတ်ထားတွေက ချမ်းသာဖို့ကို နှောင့်နှေးနေစေလဲဆိုတာကို ပြောပြထားသလို ကိုယ့်ရဲ့ ငွေရေးကြေးရေးတွေကို ဆရာကျကျ စီမံနိုင်စေမယ့် ဖော်မြူလာတွေကိုလဲ ဖော်ပြထားပါတယ်။
ဘယ်လိုသူတွေ ကြည့်ရှုဖို့အတွက်လဲ။
- အားပေးလှုံ့ဆော်စကား လိုအပ်နေတဲ့ စွန့်ဦးတီထွင်တွေ၊
- အလုပ်ကိုကြိုးကြိုးစားစား လုပ်မှ ပိုက်ဆံရလာမယ်လို့ ယုံကြည်ထားတဲ့သူတွေ၊
- ဆုံးဖြတ်ချက်ချတဲ့နေရာမှာ Framework တစ်ခုလိုအပ်နေတဲ့ ငွေစုသူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ၊ ကြည့်ရှုသင့်ပါတယ်။
Rob Moore က တော်တော်လေးအောင်မြင်တဲ့ ဗြိတိန်လူမျိုး ပိုင်ဆိုင်မှုတွေကို ရင်းနှီးမြှုပ်နှံသူတစ်ယောက် ဖြစ်ပါတယ်။ သူက မွဲတေနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့ပေမဲ့ နှစ်အနည်းငယ် အကြာ အသက် ၃၀ အရွယ်မှာ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ UK မှာ အအောင်မြင်ဆုံး စီးပွားရေး Podcast တွေထဲက တစ်ခုဖြစ်တဲ့ “The Disruptive Entrepreneur” အပါအဝင် စာအုပ် ၈ အုပ် ရေးသားခဲ့ပါတယ်။