CEO တွေ တရားထိုင်တာ၊ အဖွဲ့အစည်းတွင်း အတွင်းရေးတွေရဲ့ စိန်ခေါ်မှုတွေ၊ အဖွဲ့ဝင်တွေကြား မတူညီမှုတွေနဲ့ ဖောက်သည်တွေရဲ့ စိတ်ကျေနပ်မှု၊ ဒါတွေ အကုန်လုံးက ဆက်စပ်နေပါတယ်။ အကုန်လုံးကို ခြုံငုံပြီးတော့ ချဥ်းကပ်ထားတဲ့ Everything Connects (2014) စာအုပ်ဟာဆိုရင် သင့်ရဲ့ အလုပ်ခွင် ပတ်ဝန်းကျင်ကို ဒီလို ဆက်နွယ်မှုတွေကို နားလည်စေပြီး စူးစမ်းလေ့လာမှုနဲ့ ဆန်းသစ်တီထွင်မှုတွေကို တိုးပွားစေနိုင်ပါတယ်။
ဘယ်လိုသူတွေ ကြည့်ရှုဖို့အတွက်လဲ။
– ကိုယ့်ရဲ့ ကုမ္ပဏီမှာ စူးစမ်းလေ့လာမှုကို မြှင့်တင်ဖို့ ရုန်းကန်နေရသူတွေ၊
– ခေါင်းဆောင်တစ်ယောက်ရဲ့ စိတ်နှလုံးက ဖောက်သည်ရဲ့ စိတ်ကျေနပ်မှုနဲ့ ဘယ်လို ဆက်နွယ်နေလဲဆိုတာ သိချင်နေတဲ့သူတွေ၊
– ဒီနေ့ခေတ်ရဲ့ လျင်လျင်မြန်မြန် ပြောင်းလဲနေတဲ့ စီးပွားရေးကမ္ဘာထဲမှာ ကိုယ့်ကုမ္ပဏီကို မြှင့်တင်ချင်တဲ့သူတွေ ကြည့်ရှုသင့်ပါတယ်။
မူရင်းစာရေးသူ အကြောင်း
Faisal Hoque က MiND2MiND Exchange နဲ့ B2B ForeSight တို့ကို တည်ထောင်ခဲ့တဲ့ စွန့်ဦးတီထွင်တစ်ယောက်ဖြစ်ပါတယ်။ သူက The Wall Street Journal, Fast Company, the Huffington Post နဲ့ Forbes တို့အတွက် ဆောင်းပါးတွေ ရေးပေးခဲ့ဖူးပါတယ်။ Ziff-Davis Enterprise က ရွေးချယ်တဲ့ နည်းပညာလောက က လွှမ်းမိုးမှုအရှိဆုံး ထိပ်ဆုံး ၁၀၀ စာရင်းမှာပါဝင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။
Fast Company မှာ တွဲဖက်စာရေးဆရာအဖြစ် အလုပ်လုပ်ခဲ့တဲ့ Drake Baer ကတော့ Leadership, Strategy နဲ့ Organizational Psychology အကြောင်းတွေနဲ့ ပတ်သက်ပြီး Business Insider ကို အစီရင်ခံပါတယ်။