Impact Players (2021) က အဖွဲ့အစည်းတစ်ခုအတွင်းမှာ မရှိမဖြစ် အရေးကြီးဆုံးလူတွေရဲ့ အရည်အချင်းတွေကို ဖော်ထုတ်ပြထားပြီး ဒီလို လွှမ်းမိုးနိုင်တဲ့ သူတို့ကို တခြားသူတွေကနေ ကွာခြားစေတဲ့ Mindset တွေကို ခွဲခြားပြထားပါတယ်။ နယ်ပယ်များစွာရဲ့ ထိပ်ဆုံးက ခေါင်းဆောင်တွေရဲ့ သဘောတရားတွေပေါ် မူတည်ပြီး အလုပ်ခွင်မှာ ကိုယ်ပိုင် သက်ရောက်မှုကို တိုးပွားနိုင်ဖို့အတွက် လွှမ်းမိုးနိုင်တဲ့ Professional တွေ အသုံးပြုခဲ့တဲ့ ချဥ်းကပ်နည်းစနစ်တွေကို ဘယ်လိုမြှင့်တင်ရမလဲဆိုတာကို ပြောပြထားပါတယ်။
ဘယ်လိုသူတွေ ကြည့်ရှုဖို့အတွက်လဲ။
- ဆန္ဒပြင်းပြတဲ့ ခေါင်းဆောင်တွေ
- စီးပွားရေးလုပ်ငန်း ပိုင်ရှင်တွေနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ
- အဖွဲ့အစည်းတိုးတက်မှုဆိုင်ရာ Professional တွေကြည့်ရှုသင့်ပါတယ်။
မူရင်းစာရေးသူအကြောင်း
Liz Wiseman ဟာ သုတေသနပြုလုပ်တဲ့သူတစ်ယောက်၊ ဟောပြောတဲ့သူတစ်ယောက် ဖြစ်သလို၊ Silicon Valley အခြေစိုက် Leadership Research and Development Center တစ်ခုဖြစ်တဲ့ The Wiseman Group ရဲ့ အမှုဆောင်အကြံပေးနဲ့ ဥက္ကဌ တာဝန်ကို ထမ်းဆောင်နေတဲ့ သူတစ်ယောက်လဲ ဖြစ်ပါတယ်။ The Multiplier Effect, Rookie Smarts နဲ့ Multipliers ဆိုတဲ့ Best-seller စာအုပ် ၃ အုပ်ကို ရေးသားခဲ့ပြီး ကမ္ဘာအနှံ့ ကနည်းဗျူဟာနဲ့ ခေါင်းဆောင်မှု ဖိုရမ်တွေမှာ အကြံပေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။