The Science of Intelligent Achievement (2018) စာအုပ်က သင်ကိုယ်တိုင် ချမှတ်ထားတဲ့ ရည်မှန်းချက်တွေကို ရရှိဖို့အတွက် အလုပ်တွေ ပိုပြီးအောင်၊ ဖန်တီးနိုင်စွမ်း ပိုမိုကောင်းမွန် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့အကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ်။ မှန်ကန်တဲ့အတွေးတွေကို ဘယ်လို တွေးရမလဲ? ကိုယ့်ရဲ့ Motivation ကို ထိန်းသိမ်းထားဖို့အတွက် မှန်ကန်တဲ့သူတွေ ကိုယ့်အနားမှာ ဝန်းရံနေအောင် ဘယ်လိုလုပ်ရမလဲ? ဆိုတာတွေကို ဖော်ပြထားပါတယ်။
ဘယ်လိုလူတွေ ကြည့်ရှုဖို့အတွက်လဲ?
– ကိုယ့်ရဲ့ စွမ်းအင်ကို ထိန်းချုပ်အသုံးပြုချင်တဲ့ စွန့်ဦးတီထွင်တွေ၊
– ကိုယ့်ရဲ့ အလုပ်ပြီးမြောက်နိုင်စွမ်းကို ဆတိုး မြှင့်တင်ချင်တဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေ၊
– စိတ်ပညာရှင်တွေနဲ့ နည်းပြတွေ
ကြည့်ရှုသင့်ပါတယ်။
မူလစာရေးသူအကြောင်း
Isaiah Hankel က ဇီဝဗေဒမှာ ပါရဂူတစ်ယောက်ဖြစ်ပါတယ်။ နောက်ပြီး အပြုအမူဆိုင်ရာ စိတ်ပညာနဲ့ စိတ်ပိုင်းဆိုင်ရာအာရုံစူးစိုက်မှု နယ်ပယ်တွေမှာ လူတွေကို နည်းပြပေးတဲ့နေရာမှာလဲ ပါရမီပါသူဖြစ်ပါတယ်။ ဒီနယ်ပယ်တွေမှာ အောင်မြင်စာရေးဆရာတစ်ယောက်ဖြစ်ပြီး The Guardian, Entrepreneur Magazine တွေမှာလဲ ကူညီရေးသားပေးနေသူတစ်ယောက် ဖြစ်ပါတယ်။ ဒီစာအုပ်မတိုင်ခင်က ထွက်ရှိခဲ့တဲ့ Black Hole Focus (2014) စာအုပ်ကလဲ စီပွားရေးစာအုပ်တွေထဲမှာ အရောင်းရဆုံးစာအုပ် ဖြစ်ခဲ့ပါတယ်။