Daring to Trust (2010) ဟာ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့အတွက်နှင့် ကိုယ့်ပတ်၀န်းကျင်ကို ယုံကြည်ဖို့အတွက် ရှာဖွေရန် ရှင်းရှင်းလင်းလင်းလမ်းပြပေးပါတယ်။ အတိတ်မှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ထိခိုက်စရာတွေကို ဖြတ်ကျော်နိုင်အောင်နဲ့ ဘဝမှာ ကြုံတွေ့ရတတ်တဲ့ အကောင်းအဆိုးတွေကို လက်ခံနိုင်အောင်၊ ပစ္စုပ္ပန်မှာ နေတတ်အောင် ရှာဖွေဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကိုပိုင်ဆိုင်နိုင်အောင်ဘယ်လိုလုပ်မလဲဆိုတာတွေကို လေ့လာခွင့်ရမှာဖြစ်ပါတယ်။
ဘယ်လိုလူတွေ ကြည့်ရှုဖို့အတွက်လဲ။
– ကိုယ့်စိတ်ကိုကိုယ် ထိန်းချုပ်ဖို့အခက်တွေ့နေသူများ
– ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးအောင် ကြိုးစားနေသူများ
– လူတွေရဲ့ အပြုအမူနှင့် စိတ်ဓာတ်တက်ကြွမှု (motivation) အကြောင်းအရာများနှင့် ပတ်သတ်ပြီး စူးစမ်းလေ့လာချင်သူများ
ကြည့်ရှုသင့်ပါတယ်။
မူရင်းစာရေးသူအကြောင်း
David Richo က Jugain ကုထုံးနဲ့ ဗုဒ္ဓဘာသာ အမြင်တွေကို ပေါင်းစပ်ပြီး ကုသတဲ့ စိတ်ကုထုံး ပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ စိတ်ပညာနဲ့ စိတ်ဝိဉာဥ်ပိုင်းဆိုင်ရာ တိုးတက်မှု အပိုင်းမှာ စာအုပ် ၁၅ ကျော် ရေးသားခဲ့ပြီးပြီလည်း ဖြစ်ပါတယ်။