logoDreamLab

    Content Hub

    HomeExploreCategoryFree Library

    Connect

    HistorySaved

    Control

    Update Premium

    What's it about?

    Video Overview

    Recommended Videos

    (86) Good to Great

    (86) Good to Great

    Jim Collins
    24m 38s
    Myanmar

    What's it about?

    Entrepreneurship
    Entrepreneurship
    Professional Development
    Professional Development

    Video Overview

    Good to Great (2001) စာအုပ်က စာရေးသူ Jim Collins နဲ့ သူ့ရဲ့ သုတေသန အဖွဲ့သားတွေ ငါးနှစ်တိုင်တိုင် ပြုလုပ်ခဲ့တဲ့ သုတေသန အချက်အလက်တွေကို အခြေခံပြီး ရေးသားထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ 

    နှစ်ပေါင်းများစွာ သာမန် ရွက်ကြမ်းရေကျို စွမ်းဆောင်ရည်တွေလောက်ပဲ ရှိခဲ့ပြီး ဒီနောက်ပိုင်းမှာမှ အကြီးအကျယ် နာမည်ဂုဏ်သတင်း ကြီးလာခဲ့ကြတဲ့ ကုမ္ပဏီတွေအကြောင်း၊ ဒီကုမ္ပဏီတွေက သူတို့တွေရဲ့ ပြိုင်ဘက်တွေနဲ့ ကွဲပြားခြားနားအောင် လုပ်ဆောင်ခဲ့တဲ့ အကြောင်းတွေကို သူတို့အဖွဲ့က သုတေသန ပြုလုပ်ခဲ့ကြပါတယ်။ 

    ဒီလို သုတေသန ပြုလုပ်ခဲ့တဲ့ အချက်တွေက ခေါင်းဆောင်မှုပိုင်း၊ ကုမ္ပဏီလုပ်ငန်းခွင် စိတ်ဓာတ်ပိုင်းနဲ့၊ နည်းဗျူဟာကျကျ စီမံခန့်ခွဲမှု အပိုင်းတွေမှာ အလွန်အသုံးဝင်တဲ့ အဓိက အယူအဆ Key Concepts တွေ ဖြစ်ပါတယ်။ ဒီအချက်တွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။ 

    ဘယ်လိုသူတွေ ကြည့်ရှုဖို့အတွက်လဲ။ 

    – ကိုယ့်ရဲ့ ကုမ္ပဏီကို သာမန်စွမ်းဆောင်ရည်တွေကနေ နာမည်ဂုဏ်သတင်းကြီးလာအောင် လုပ်ဆောင်ချင်တဲ့ စီမံခန့်ခွဲရေးဆိုင်ရာ Executives တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ မန်နေဂျာတွေ

    – ကိုယ့်ရဲ့ Start-up လုပ်ငန်းတွေကို အစပိုင်းကတည်းကနေ တိုးတက်လာအောင် လုပ်ဆောင်ချင်တဲ့ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းသမားတွေ

    – ကောင်းမွန်တဲ့ ခေါင်းဆောင်မှုပိုင်း၊ Corporate Culture ပိုင်းတွေနဲ့ နည်းဗျူဟာကျကျ အစီအစဉ် ချမှတ်ခြင်း အပိုင်းတို့ကို စိတ်ဝင်စားတဲ့သူတွေ 

    ကြည့်ရှုသင့်ပါတယ်။

    မူရင်းစာရေးဆရာအကြောင်း

    Jim Collins ဟာ Stanford တက္ကသိုလ် စီးပွားရေး သင်တန်းကျောင်းတစ်ခုမှာ စာသင်ကြားတဲ့ Lecturer တစ်ယောက်ဖြစ်ပါတယ်။ အကြံပေးတစ်ယောက်အဖြစ် လုပ်ကိုင်ပြီး စာရေးဆရာ တစ်ယောက်လည်း ဖြစ်ပါသေးတယ်။ ဒါ့အပြင် Fortune, BusinessWeek နဲ့ Harvard Business Review တို့မှာ စာများ ဝင်ရောက်ရေးသားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ 

    Recommended Videos

    (222) Millionaire Fastlane

    (222) Millionaire Fastlane

    (216) How to Start A Start-Up

    (216) How to Start A Start-Up

    (215) Finish Big

    (215) Finish Big

    (201) The Pumpkin Plan

    (201) The Pumpkin Plan

    Recommended Videos

    (222) Millionaire Fastlane

    (222) Millionaire Fastlane

    (216) How to Start A Start-Up

    (216) How to Start A Start-Up

    (215) Finish Big

    (215) Finish Big

    (201) The Pumpkin Plan

    (201) The Pumpkin Plan