Continuous Discovery Habits (2021) စာအုပ်ဟာ Product Manager တွေနဲ့ Designer တွေအနေနဲ့ သူတို့ ဖောက်သည်တွေရဲ့ ဘဝအပေါ်မှာ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှု ရှိအောင် ဘယ်လိုမျိုး လုပ်နေနိုင်မလဲဆိုတာကို ရှာဖွေပြထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ Product Team တွေ အနေနဲ့ သူတို့ရဲ့ အပြင်အဆင်တွေကို ဆက်လက် တိုးတက်နေစေဖို့အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဥ်ကို ဖော်ပြထားပါတယ်။
ဘယ်သူတွေ ကြည့်ရှုဖို့အတွက်လဲ?
– အလုပ်လုပ်တဲ့ ပုံစံအသစ်ကို ရှာဖွေနေကြတဲ့ Product Manager တွေ၊
– တီထွင်ဖန်တီးမှုနဲ့ ပတ်သက်ပြီး အမြင်အသစ် ရှုထောင့်အသစ်ကို ရှာဖွေနေတဲ့ စွန့်ဦးတီထွင်တွေ၊
– Product Designer တွေ
ကြည့်ရှုသင့်ပါတယ်။
မူရင်းစာရေးဆရာအကြောင်း
Teresa Torres ကတော့ Product အကြံပေးတစ်ယောက်ဖြစ်သလို Speaker တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ ကမ္ဘာအနှံ့က ကုမ္ပဏီတွေကို Product Discovery, Product Design တွေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ဆုံးဖြတ်ချက်တွေကို ကောင်းမွန်အောင် ကူညီပေးနေပါတယ်။ Product Talk ဆိုတဲ့ Blog ရဲ့ စာရေးဆရာမ တစ်ယောက်လည်း ဖြစ်ပါသေးတယ်။