See You on the Internet (2020) စာအုပ်က ဒီနေ့ခေတ် Digital Marketing လောက အကြောင်းကို လမ်းညွှန်ပေးနိုင်တဲ့၊ ရိုးရှင်းတဲ့ နည်းလမ်းတွေကို လမ်းညွှန်ပြသပေးထားတဲ့ စာအုပ် တစ်အုပ် ဖြစ်ပါတယ်။
ကိုယ်က Website တစ်ခုကို စတင်တည်ထောင်ချင်တယ်ဆိုရင် အစီအစဉ်တွေ ဘယ်လို ချမှတ်ရမယ်၊ ပြီးစီးအောင် ဘယ်လိုလုပ်ဆောင်ရမယ်၊ ကိုယ့်ရဲ့ ဒီဂျစ်တယ်ကြော်ငြာတွေက ထိရောက်မှု ရှိ၊ မရှိ ဘယ်လိုမျိုး တိုင်းတာရမယ်ဆိုတဲ့ နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
ဘယ်သူတွေ ကြည့်ရှုဖို့အတွက်လဲ?
– Digital Marketing မှာ စိတ်ဝင်စားတဲ့ အေသးစား စီးပွားရေး လုပ်ငန်းရှင်တွေ
– Digital နဲ့ Social Media မန်နေဂျာတွေ
– Marketing ဗျူဟာတွေကို စိတ်ဝင်စားတဲ့ သူတွေ
ကြည့်ရှုသင့်ပါတယ်။
မူရင်းစာရေးသူအကြောင်း
Digital Marketing အကြံပေးတစ်ယောက်ဖြစ်တဲ့ Avery Swartz ဟာ နည်းပညာနဲ့ ပတ်သက်တဲ့ စာရေးဆရာတစ်ယောက်လဲ ဖြစ်ပါတယ်။ သူမဟာ Search Engine Journal က သတ်မှတ်တဲ့ Marketing နယ်ပယ်က ထိပ်တန်း အမျိုးသမီး ၅၀ ထဲမှာ ပါဝင်သူလဲ ဖြစ်ပါတယ်။ သူမဟာ Camp Tech ကုမ္ပဏီရဲ့ CEO နဲ့ တည်ထောင်သူလဲ ဖြစ်ပါတယ်။ ဒီကုမ္ပဏီက ကနေဒါနိုင်ငံအနှံ့ အသေးစားစီးပွားရေး လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေအတွက် Digital Marketing Training တွေကို ထောက်ပံ့ပေးတဲ့ ကုမ္ပဏီလဲ ဖြစ်ပါတယ်။