Good to Great ဟာ ယနေ့ခေတ် Great Companies ကြီးမြတ်တဲ့ ကုမ္ပဏီကြီးတွေဟာ Good Company သာမန် ကောင်းတဲ့ကုမ္ပဏီတွေကနေ ဘယ်လို အဆင့်တက်လာခဲ့ကြသလဲဆိုတဲ့ အကြောင်းကို နှစ်ပေါင်းများစွာလုပ်ထားတဲ့ research တွေပေါ် အခြေခံပြီး ရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်
စာရေးသူ Jim Collins ဟာ ဒီ research တွေလုပ်ရင်းနဲ့ ဒီလို ကြီးမြတ်တဲ့ကုမ္ပဏီကြီးတွေမှာ တစ်ခုနဲ့တစ်ခု ဆင်တူတဲ့ အချက်တွေ ရှိတယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ပါတယ်
Good to Great ရဲ့ နည်းလမ်းတွေဟာ သီအိုရီ သက်သက် မဟုတ်ဘဲ လက်တွေ့မှာလဲ အသုံဝင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်
ဉပမာ Amazon ရဲ့ CEO ဖြစ်တဲ့ Jeff Bezos ဟာ Jim Collins ကို သူ့ကုမ္ပဏီကို ဖိတ်ခေါ်ပြီး Good to Great ရဲ့ နည်းလမ်းတွေကို ကုမ္ပဏီမှာ ပြန်လည်အသုံးချဖို့ အကူအညီတောင်းခဲ့ပါတယ်