logoDreamLab

    Content Hub

    HomeExploreCategoryFree Library

    Connect

    HistorySaved

    Control

    Update Premium

    What's it about?

    Book Overview

    Recommended Books

     နည်းပြခြင်း ၁၀၁ - နည်းပြခြင်းပညာရပ်ကို ကျွမ်းကျင်တတ်မြောက်ခြင်း

    နည်းပြခြင်း ၁၀၁ - နည်းပြခြင်းပညာရပ်ကို ကျွမ်းကျင်တတ်မြောက်ခြင်း

    Dreamlab
    10 pages
    30m 0s
    Myanmar

    What's it about?

    Coaching
    Coaching
    Personal Development
    Personal Development

    Book Overview

    နည်းပြခြင်းပညာရပ် ကျွမ်းကျင်ခြင်း စာအုပ်ကို ဖတ်ရှုရန် ဖိတ်ခေါ်ပါသည်။ ယခုစာအုပ်သည် အမျိုးမျိုးသော ပရော်ဖက်ရှင်နယ်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် အသိပညာများကို မျှဝေလိုသည့် Dream Lab က ထုတ်ဝေထားသော စာအုပ် ဖြစ်ပြီး နည်းပြလောကသို့ ဝင်ရောက်လိုသောသူများအတွက် အထူး စီစဉ် ပြင်ဆင်ပေးထားပါသည်။ လူတစ်ဦးတစ်ယောက်ချင်းစီ၏ ကိုယ်ပိုင်ဘဝ၊ အသက်မွေး အလုပ်အကိုင်နှင့် လုပ်ငန်းတိုးတက်မှုအတွက် အသိပညာ တိုးစေရန် ဆောင်ရွက်ပေးခြင်းသည် Dream Lab ၏ ယုံကြည်သက်ဝင်မှု ဖြစ်သည်။
    နည်းပြခြင်းသည် နက်နဲအကျိုးများပြီး လွှမ်းမိုးမှုရှိသော အလုပ်အကိုင်တစ်ခု ဖြစ်သည်။ နည်းပြခြင်းတွင် နားလည်မှု၊ စာနာမှုနှင့် အခြားသူတို့၏ အသက်မွေးအလုပ်အကိုင်နှင့် ကိုယ်ပိုင်ဘဝ တိုးတက်မှုတို့အတွက် ဗျူဟာများကို ရောစပ်ပါဝင်သည်။ သင့်အနေဖြင့် ဘဝရေးရာ နည်းပြ၊ လုပ်ငန်းဆိုင်ရာ နည်းပြ၊ သို့မဟုတ် အခြားသော ရှားပါးနယ်ပယ် နည်းပြ စသည်ဖြင့် မည်သို့သော နည်းပြမျိုး ဖြစ်လိုသည် ဖြစ်စေ၊ ယခုစာအုပ်သည် သင့်အတွက် အခြေခံအသိပညာများ၊ လက်တွေ့ကျွမ်းကျင်မှုများနှင့် အောင်မြင်မှုအတွက် စိတ်အင်အားများ ပေးနိုင်မည် ဖြစ်သည်။ 
    ယနေ့ခေတ် လျင်မြန်စွာ ပြောင်းလဲနေသော လောကတွင် ကျွမ်းကျင်သော နည်းပြများ အထူးလိုအပ်လာနေပေသည်။ ဘဝအထွေထွေမှ လူများသည် အလုပ်အကိုင်တိုးတက်မှု၊ ကိုယ်ပိုင်ဘဝတိုးတက်မှုနှင့် အစွမ်းကုန် အောင်မြင်နိုင်ရေးတို့အတွက် လမ်းညွှန်ချက်များကို လိုအပ်လာကြ၏။ နည်းပြတစ်ဦးအနေဖြင့် သင့် အလုပ်အပ်သူ များ၏ ဘဝများအပေါ် ထင်ရှားသော သက်ရောက်မှုကောင်းများ ဖြစ်စေနိုင်ခွင့် ရှိသည်။ သူတို့၏ ပန်းတိုင်များကို သိရှိစေပြီး ရှိနှင့်ပြီးသား အားသာချက်များကို ပွင့်ထွက်လာရန် ကူညီပေးနိုင်ပေမည်။ 
    ယခုလမ်းညွှန်စာအုပ်တွင် အောင်မြင်သော နည်းပြတစ်ယောက် ဖြစ်လာရန် လိုအပ်သည့် အမျိုးမျိုးသော အကြောင်းအရာများကို ဖော်ပြပေးထားသည်။ ထိရောက်သော နည်းပြမှုအတွက် နည်းလမ်းများ၊ လိုအပ်သော ကျွမ်းကျင်မှုများကို လေ့လာရမည်။ နည်းပြခြင်း ပုံစံ များ ဖြစ်သည့် GROW model၊ တိုနီရော်ဘင် ၏ ရလဒ်အခြေပြု နည်းပြ စနစ်တို့ကို ဖတ်ရှုရမည်။ ဒီဂျစ်တယ်ခေတ်တွင် အွန်လိုင်းမှတဆင့် နည်းပြခြင်း ခေတ်စားလာပုံကိုလည်း တင်ပြပေးထားပါသည်။ 
    နိုင်ငံတကာ နည်းပြ အသင်းချုပ် (ICF) ကဲ့သို့သော အဖွဲ့အစည်းများအကြောင်းကိုလဲ သိရှိနိုင်သည်။ နည်းပြအလုပ်အကိုင်ကို မည်သို့ တိုးတက်စေနိုင်မည့် နည်းလမ်းများကိုလည်း လမ်းညွှန်ပေးထားသည်။ ထိပ်တန်း နည်းပြများအကြောင်းနှင့် လက်တွေ့ဘဝ လေ့လာချက်များကိုလည်း စိတ်အင်အား ရစေရန်နှင့် နည်းပြလုပ်ငန်း အောင်မြင်မှုအတွက် လက်တွေ့ ဥပမာများအဖြစ် အသုံးချနိုင်စေရန် ထည့်သွင်းပေးထားပါသည်။  
    Dream Lab အနေဖြင့် သင် နည်းပြကောင်း ဖြစ်ရေး ခရီးကို မပျက်မကွက် လျှောက်လှမ်းပါတော့မည်။ သို့ဖြစ်ရာ သင့်ကို အသိပညာ၊ နည်းဗျူဟာနှင့် စိတ်ကျေနပ်စရာ၊ အများအကျိုးသယ်ပိုးရာ ရောက်သော နည်းပြအလုပ်ကို လုပ်လိုစိတ်အတွက် တွန်းအားများ ပေးနိုင်ရန်မှာ ကျွန်တော်တို့၏ ပန်းတိုင် ဖြစ်ပေသည်။ 
    ဤခရီးကို စိတ်နှလုံးသားကို ဖွင့်ထားပြီး လိုက်ခဲ့စေလိုပါသည်။ နည်းပြတစ်ဦး၏ ဘဝခရီးသည် အလုပ်အကိုင်ရွေးချယ်မှုတစ်ခုသာ မဟုတ်ပါ။ ဘဝတစ်သက်တာ လေ့လာမှု၊ ကိုယ်ပိုင်ဘဝတိုးတက်မှုနှင့် အခြားသူတို့ကို အားပေးကူညီမှုများအတွက် တစ်စိုက်မတ်မတ် လုပ်ဆောင်လိုမှု ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့နှင့်အတူ လျှောက်လှမ်းလိုက်ကြပါစို့။

    Recommended Books

    Cognitive Behavior Therapy for Coaches ( Life Coaches များအတွက် အပြည့်အစုံ CBT လမ်းညွှန်)

    Cognitive Behavior Therapy for Coaches ( Life Coaches များအတွက် အပြည့်အစုံ CBT လမ်းညွှန်)

    ခေါင်းစဉ် - Machiavelli's Wisdom: ခေတ်သစ်စီးပွားရေးလောက၏ မင်းသားကျမ်း

    ခေါင်းစဉ် - Machiavelli's Wisdom: ခေတ်သစ်စီးပွားရေးလောက၏ မင်းသားကျမ်း

    Enneagram

    Enneagram

    Atomic Habits

    Atomic Habits

    Recommended Books

    Cognitive Behavior Therapy for Coaches ( Life Coaches များအတွက် အပြည့်အစုံ CBT လမ်းညွှန်)

    Cognitive Behavior Therapy for Coaches ( Life Coaches များအတွက် အပြည့်အစုံ CBT လမ်းညွှန်)

    ခေါင်းစဉ် - Machiavelli's Wisdom: ခေတ်သစ်စီးပွားရေးလောက၏ မင်းသားကျမ်း

    ခေါင်းစဉ် - Machiavelli's Wisdom: ခေတ်သစ်စီးပွားရေးလောက၏ မင်းသားကျမ်း

    Enneagram

    Enneagram

    Atomic Habits

    Atomic Habits